1.4K 95 15
                                    

" နေမကောင်းဖြစ်တော့မယ့်ပုံနဲ့  ငါ့အိမ်ပဲလိုက်ခဲ့ "

ကော်ဖီစေ့လေးကို လက်မ၊လက်ညှိုးဖြင့် ဖိကိုင်ရင်း အနံ့ခံကာ ကားကူရှင်အနောက်ကိုမှီ၍ မှိန်းနေသူအား မိုးသောက် ပြောလိုက်မိသည်။ ငြင်းပယ်သည့်စကား ထွက်မလာလေတော့ လက်ခံသည့်သဘောပင်ဖြစ်သည်။ အရုဏ်၏ အိမ်သို့ မောင်းမည့်အစား သူ့အိမ်သို့သာ မောင်းလာခဲ့သည်။

အိမ်ကိုရောက်သည်နှင့် ဆိုဖာပေါ်ပစ်လှဲနေသူကြောင့်  တော်တော်နေလို့မကောင်းဖြစ်နေမှန်း သိနေခဲ့လေပြီ။ Stetho နှင့် BP cuff ကိုယူကာ အနားမှာသွားထိုင်လိုက်ပြီး pressure တိုင်းသည်။ သာမိုမီတာနှင့်အဖျားတိုင်းကြည့်တော့ အဖျားက ငွေ့ငွေ့သာ။

" Fever ကတော့ Low Grade ပဲ  Pressure နည်းနည်းကျနေတယ် အရုဏ်   တစ်ခုခုစားပြီး ဆေးသောက်လိုက်နော်  "

" ရတယ် ငါ အိပ်လိုက်ရင် သက်သာသွားလိမ့်မယ်  "

မျက်လုံးတို့ကို ​မှေးမှိတ်ထားကာ ခပ်တိုးတိုးပြန်ဖြေလာသည့် အရုဏ်ဦးကြောင့် သူ သက်ပြင်းချကာ ပြုံးမိပြန်သည်။ ဆရာဝန်တစ်ယောက်ဖြစ်နေပေမယ့် နေထိုင်မကောင်းလျှင် ဆေးထိုးဆေးသောက် မလုပ်ချင်သည်က အရုဏ်ဦးရဲ့ နောက်ထပ်အကျင့်တစ်ခုပင်။

" ဆေးသောက်မလား ဆေးထိုးမလား ကြိုက်ရာရွေးလိုက် အရုဏ်ဦး  "

" ငါ့အိမ်ပဲ ပြန်ပို့ပေးလိုက်တော့ "

နှစ်တွေအတော်ကြာအောင် အတူရှိခဲ့သူတွေမို့ တစ်ယောက်အကျင့်ကို တစ်ယောက်က အလွတ်သိနေခဲ့သည်မှာမဆန်း။ အရုဏ်ဦးကို အကြပ်ကိုင်ရွေးခိုင်းလိုက်ပေမယ့်  ထိုလူသားကတော့ သူ့အညှာကို ပြန်ကိုင်သွားပြန်သည်။ နေမကောင်းနေတာသိလျက်နဲ့ တစ်ယောက်တည်းမထားနိုင်တာ အရုဏ်ဦးလည်း သိနေခဲ့သည်။

" မနက်ဖြန် Off ယူလိုက် အဲ့တာဆို "

" အင်းး မင်းပဲ ဆရာချစ်ထူးကို ပြောလိုက်တော့ "

နောက်ဆုံးမှာတော့ ခွင့်ရက်ယူပြီး ကောင်းကောင်း နားဖို့ကိုသာ နှစ်ယောက်စလုံးရွေးလိုက်ရတော့သည်။ Vital signs ယူတုန်းက ပစ္စည်းတွေကို နေရာတကျပြန်သွားသိမ်းရင်း  မီးဖိုခန်းဘက်သွားကာ Ensure တစ်ခွက်ဖျော်ပြီး ယူခဲ့လိုက်သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now