၁၇

1.5K 91 4
                                    

" Hello ဆရာမိုးသောက် မင်္ဂလာပါ "

" အေး မင်္ဂလာပါ ပြော  "

နားရက်ရယ်လို့ ပီပီပြင်ပြင်နားလို့မပြီးခင်မှာပဲ ဖုန်းကောလ်တွေက ဝင်လာပြန်သည်။ ဒီလုပ်ငန်းခွင်ဟာ ရပ်တန့်ထားလို့မှမရဘဲလေ။ လက်ထောက်ဆရာဝန်လေးရဲ့ ဖုန်းနံပါတ်ပေါ်လာသည်ကို မြင်ရုံနှင့်ပင်  ဘယ်လိုလူနာရောက်လာသလဲ တွေးမိနေတော့သည်။

" Patient တစ်ယောက် ရောက်လာပါတယ် ဆရာ  Burn case ပါ 70% လောက် Burn ရတယ်လို့ ခန့်မှန်းထားပါတယ် ဆရာ  "
( မီးလောင်ဒဏ်ရာ)

" Ok ဆရာ ခဏနေရင်ရောက်မယ် Patient အ​ခြေအနေကြည့်ပြီး လုပ်စရာရှိတာတွေ အရင်လုပ်ထားလိုက်   "

" ဟုတ်ကဲ့ ဆရာ  "

ငေးနေကျတောင်ပေါ်ရှုခင်းတွေကို ခဏတာမေ့လျော့ထားလိုက်ပြီး ကားကိုသာ အမြန်မောင်းရင်း ဆေးရုံရှိရာဆင်းလာလိုက်သည်။ သူရောက်သည့်အချိန်တွင် လက်ထောက်ဆရာဝန်လေးက လက်အိတ်ဖြူဖြူကိုဝတ်ကာ လူနာကို သန့်ရှင်းပေးနေခဲ့သည်။ တလူးလူးတလွန့်လွန့်နှင့် ညည်းညူနေသော လူနာမှာလည်း မြင်ရသူတိုင်း စုတ်တသပ်သပ်ဖြစ်ရလောက်အောင်အထိ အခြေအနေဆိုးလှသည်။

လူနာမှတ်တမ်းကို တစ်ချက်လှန်ကြည့်ပြီးနောက် လူနာစောင့်ကို ခေါ်ကာ အခန်းထဲမှာ စကားပြောဖို့ လိုက်ခဲ့ရန် ပြောလိုက်သည်။ အင်အားမရှိသူလိုဖြစ်နေရှာသည့် လူနာစောင့်မိန်းမမှာ သူ့အရှေ့က စားပွဲခုံတွင် ဝင်ထိုင်တော့လည်း ခန္ဓာကိုယ်ဟာ ကျုံ့ကျုံကလေးပင်။

" အခုက လူနာနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလို့ ခေါ်လိုက်တာပါ"

" ဟုတ်ကဲ့ ဆရာ"

" ကျွန်တော်တို့ကြည့်ရသလောက် လူနာရဲ့အ​ခြေအနေက မီးလောင်တဲ့ ဒဏ်ရာက တော်တော်များနေတယ် အရေပြားအစားထိုးခွဲစိတ်မှုတွေ လုပ်ဖို့လိုလောက်တဲ့အခြေအနေပါပဲ

အဲ့ဒီမှာ အစ်မနားလည်အောင်ပြောပြရမယ်ဆိုရင် လူနာရဲ့ မီးလောင်ထားတဲ့ အသားတွေကို လှီးပြီးဖယ်ထုတ်ပစ်ရမယ် ပြီးရင် မီးမလောင်တဲ့နေရာက အကောင်းအတိုင်းရှိနေတဲ့ အသားတွေနဲ့ အစားထိုးပြီး ကုရမယ်

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now