၁၉

1.2K 65 0
                                    

" အရုဏ်..... တောင်နေကြာတွေပွင့်နေပြီ သွားကြည့်ချင်လား "

ရွားရွားပါးပါး အရုဏ်ဦးရဲ့ နားရက်နဲ့ သူ့ခွဲစိတ်မှုတွေမရှိသည့်အခိုက်အတန့်မို့ နံနက်ခင်းအိပ်ရာကနိုးလာပေမယ့် မထေသးဘဲ စောင်ပုံထဲမှာ ဆက်မှေးနေခဲ့ကြသည်။ တောင်ကြီးဆောင်းရဲ့နံနက်ခင်းဟာ အတော်လေးကို အေးစက်နေခဲ့သည်မဟုတ်လား။ ရင်ခွင်ထဲကလူကို ပိုတိုးကာဖက်ရင်း မေးမိတော့ အိပ်ချင်မူးတူး ဖြစ်နေဆဲ အရုဏ်ဦးက ခေါင်းခါသည်။

" တောင်နေကြာတွေက လှပေမယ့် ငါ ငယ်ငယ်ကတည်းက မြင်နေခဲ့ရတာ တကူးတက သွားမကြည့်ချင်တော့ဘူး "

တောင်ပေါ်သားဆိုတော့လည်း တောင်ပေါ်ကမြင်ကွင်းတွေကရိုးနေလောက်ပြီပေါ့။ သို့သော်သူ့အတွက်တော့ မရိုးနိုင်သေးသည့်မြင်ကွင်းတွေပင်။ အထူးသဖြင့် အရုဏ်ဦးနှင့် အတူ လှပတဲ့ရှုခင်းတွေအားကြည့်ရမည်ကိုပင်။

" သွားကြည့်ကြမယ်လေ တောင်နေကြာတွေကိုကြည့်ပြီးရင် လွယ်မိုင်းတောင်ပေါ်တက်မယ် "

အိပ်ချင်နေဆဲဖြစ်သော အရုဏ်ဦး၏မျက်လုံးများပင် ပြူးကျယ်သွားရသည်။ဆိုရှယ်မီဒီယာပေါ်က ပုံလှလှလေးတွေကြည့်ပြီး လွယ်မိုင်းတောင်ပေါ် တက်ချင်နေသော မိုးသောက်အား ဘယ်လိုရှင်းပြရမည်ပင်မသိတော့ချေ။ ရှမ်းပြည်နယ်တွင်အမြင့်ဆုံးဖြစ်သော တောင်တန်းဆိုသည့်အချက်ကို မေ့လျော့နေလေသလား။

" မိုးသောက် လွယ်မိုင်းတောင်က အမြင့်ကြီးတက်ရမှာနော် အရမ်းပင်ပန်းတယ် "

သူ့အပြောစကားကို မိုးသောက်တို့က နားထဲပင်ဝင်ဟန်မတူ။ခါးတွင်ဖက်တွယ်ထားသောလက်တို့ကို ပိုမိုတင်းကြပ်လိုက်ကာ သူ့လည်ပင်းထက်မျက်နှာအပ်ရင်းပွတ်သပ်ကာပြောနေတော့သည်။

" ရှမ်းပြည်ရဲ့ အလှတရားတွေကို ရှမ်းကောင်လေးနဲ့ အတူတူခံစားကြည့်ချင်တာ ပင်ပန်းတယ်ဆိုရင်တောင် ထိုက်တန်ပါတယ်လေ တောင်နေကြာတွေကိုလည်း မင်းနဲ့အတူကြည့်မယ်... လွယ်မိုင်းတောင်ပေါ်က တောင်ဇလပ်တွေဆီကိုလည်း မင်းနဲ့အတူသွားမယ်.... ပြီးတော့ ချယ်ရီတွေကြွေတဲ့လမ်းကိုလည်း မင်းနဲ့အတူလျှောက်မယ်.... "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now