၁၄

1.4K 92 4
                                    

" နောင်...နောင်....နောင်ဗိန်နောင်....နောင်... နောင် "

ဟိုတယ်အဝင်ဝကတည်းက ကြားလိုက်ရသော ရှမ်းအိုးစည်သံဟာ လာရောက်လည်ပတ်သူတွေကို ဆီးကြိုဖို့အတွက် ပြင်ဆင်ထားသော အရာတစ်ခုပင်။ အင်းလေးရေပြင်ပေါ်မေးတင်ဆောက်ထားသော ဟိုတယ်ဟာ ကုန်းတစ်ဝက် ရေတစ်ဝက်ဖြင့် လိုက်ဖက်ညီနေခဲ့သည်။ အုံ့အုံဆိုင်းဆိုင်းအပင်များလည်း ရှိသလို အလှပြုပြင်ထားသည့် မြက်ခင်းကျယ်များလည်း ရှိနေခဲ့သည်။ ကားရပ်လိုက်သည်နှင့် ဆေးရုံ၏မန်နေဂျာက အပြေးရောက်လာကာ ကြိုသည်။ ဟိုတယ်ဝန်ထမ်း ကောင်လေးတစ်ယောက်ကလည်း အနောက်ကနေ တစ်ခါတည်းလိုက်ပါလာကာ ကားပေါ်မှ ပစ္စည်းတွေကို ချပေးသည်။

" ဆရာ မင်္ဂလာပါ  ရောက်လာပြီပဲ  ဆရာ့အခန်းက ရေပေါ်ဘက်အခြမ်းမှာပါ ဆရာ ကျွန်တော်လိုက်ပို့ပေးပါ့မယ် "

" Ok Ok ကျေးဇူးနော်  "

အင်းလေးရေစပ်ပေါ်  တွင်တည်ရှိနေသည့် အခန်းငယ်တွေကို ထုထည်ကြီးမားကာ အမြင်ခန့်သည့် သစ်သားတံတား ဖြင့် ကွေ့ပတ်ကာ ဆက်သွယ်ထားပေးသည်။အခန်းအတွင်းဝင်လိုက်သည်နှင့် ပြန့်ပြူးသပ်ရပ်နေသော အိပ်ရာကို လှမ်းမြင်လိုက်ရသည်။ ပြတင်းဝကနေတစ်ဆင့်ကြည့်လျှင်မူ ကျယ်ပြောသော အင်းလေးရေပြင်ကို တွေ့နေရချေပြီ။  ဟိုတယ်အစပ် ရေပြင်တွင်မူ ကြာပန်းတို့က အပြည့်နေရာယူထားပေသည်။

" ဆရာ အေးဆေး အနားယူပါဦး ဆရာ  ဝန်ထမ်းအငယ်တွေကတော့  ဖောင်တော်ဦးဘုရားဆီသွားကုန်ကြပြီ  ဆရာတို့အတွက် လှေတစ်စီးက ပြင်ထားပါပြီ  "

ဧည့်ဝတ်ကျေပွန်လွန်းသော ဆေးရုံဘက်ကိုလည်း ကျေးဇူးတင်ရပြန်သည်။

" သွားမယ့်အချိန်ရောက်ရင် လာခေါ်လိုက်ပါ  ကျွန်တော် ခဏ နားလိုက်ဦးမယ် "

" ဟုတ်ကဲ့ ဆရာ  "

လိုက်ပို့ပေးသည့်ကောင်လေးကလည်း အထုပ်အပိုးတွေကို ချပေးပြီးပြန်ထွက်သွားသည်။ အိပ်ရာပေါ်ကျောဆန့်ကာ လဲလျောင်းရင်း ပြတင်းဝကနေမြင်ရသည့် ရှုခင်းကို ငေးကြည့်မိသည်။  ရေပြင်ကိုအလယ်တွင်ခြားကာ အခြားတစ်ဖက်တွင်လည်း ရေပေါ်အခန်းများဆောက်လုပ်ထားပေသည်။ အလယ်ရေပြင်ပေါ်တွင် အလှဆောက်လုပ်ထားသည့် တံတားတစ်ခုလည်း ရှိနေပေသည်။ ထိုတံတားပေါ်တွင် မတ်တပ်ရပ် နေသော လူတစ်ဦးကိုလည်း လှမ်းမြင်လိုက်ရသည်။ 

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now