1.7K 94 2
                                    

" " ငါ ဒီလိုဘွဲ့တွေရအောင် ယူခဲ့ပေမယ့် အခုထိ လူ့အသက်တွေကို မကယ်နိုင်သေးဘူး "

မွေ့ယာပေါ် ငုတ်တုတ်ထိုင်ကာ ခေါင်းငိုက်စိုက်ကျရင်း ရေရွတ်နေသည့် အမူးသမားဆရာဝန်ဟာ အရုဏ်ဦးဖြစ်နေမည်မှန်း ဘယ်သူမှ တွေးမိကြမည်မဟုတ်။ သူသာလျှင် သိသည့် အချက်လေးတစ်ခုသာပင်။

" မမှားသော ရှေ့နေ မသေ​သော ဆေးသမား ဆိုပြီး ရှိတယ်မလား အရုဏ်ဦးရာ  ငါတို့က နတ်ဆေးသမားတော်တွေမှ မဟုတ်တာ လူ့အသက်မှန်သမျှ အကုန်လုံးကို ကယ်နိုင်မှာ မဟုတ်ဘူးလေ "

" ဟူးးး ငါ အိပ်တော့မယ် ဒီကုတင်ပေါ်ပဲ အိပ်ရမှာလား "

မွေ့ယာကို တဘုတ်ဘုတ်ပုတ်ရင်း မေးလာတော့ ခေါင်းငြိမ့် ပြလိုက်သည်။ အိပ်ရာပေါ် ပစ်လှဲ လိုက်ပြီးမှ သူ့ကို စောင်းကြည့်လာကာ မေးသည်။

" မင်းကရော ဘယ်မှာ အိပ်မှာလဲ "

" ဒီနေရာ "

သူ့အဖြေကို ကြားတော့ မျက်မှောင်ကုတ်ကာ ကြည့်လာသည်။ အရက်သာမူးတယ်ရေခဲတုံးပုံစံကတော့ ခုထိမပျောက်သေး။

" ဘာလဲ  အခြားအခန်းက သန့်ရှင်းရေး မလုပ်ထားဘူး   အပြင်မှာလည်း မအိပ်နိုင်ဘူး အေးတယ် "

ထပ်ပြီးဘာမှပြောမလာတော့  ကျောပေးကာသာ အိပ်သွားတော့သည်။ မျက်နှာသစ် ခြေ လက်ဆေးပြီးနောက် အိပ်ရာထဲဝင်လိုက်တော့ အရုဏ်ဦးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပြီ။ မိုးရွာထားသည်မို့  ညအချိန်မှာလည်း အေးစိမ့်နေဆဲ။ စောင်ပုံထဲ တိုးဝင်ကာ  အိပ်ပျော်အောင်အိပ်ဖို့  မျက်လုံးမှိတ်လိုက်စဉ်  တိုးကပ်လာသော ခန္ဓာကိုယ်ကြောင့် လူက တောင့်ကနဲ ဖြစ်သွားသည်။

" အရုဏ်ဦး  ဟိုဘက်တိုး "

သူ့စကားဟာ အိပ်ပျော်နေသူနားထဲမဝင်နိုင်ပေ။ တစ်ဖက်ကို စောင်းငဲ့ကြည့်လိုက်တော့  ခပ်ကွေးကွေးလေး အိပ်နေသည့်သူ ကို တွေ့လိုက်ရသည်။  ဆံပင်တွေဟာလည်း  ဖရိုဖရဲနှင့်  အေးစက်စက်မျက်ဝန်းတွေဟာလည်း မှေးမှိတ်ထားသည်မို့  အရုဏ်ဦးရဲ့ အသွင်ဟာ ဆေးရုံမှာတွေ့ရသည့် ပုံစံနှင့် တစ်ခြားစီပင်။  တကယ်တော့  သည်လိုအသွင်မျိုးဟာ  တစ်ချိန်က သူ ရင်းနှီးခဲ့ရသည့် ပုံရိပ်လေးပင်။
ခပ်ဖွာဖွာဆံပင်တွေကို ပွတ်သပ်လိုက်ပြီးနောက်  ရင်ခွင်ထဲ ထည့်ကာ  မျက်လုံးကို မှိတ်လိုက်တော့သည်။ တစ်ဖက်ကလည်း သက်တောင့်သက်သာ အနေအထားဖြင့်  အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေခဲ့တော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now