အပိုင်း ၁

8K 301 4
                                    


လေယောဉ်ပေါ်က ဆင်းလာသည်နှင့် များပြားလှသော သတင်းထောက်များ၊ လူအုပ်ကြီးကို တွေ့တော့ ကျွန်မ အနည်းငယ်အံ့အားသင့်မိသည်။ ကျွန်မက korea နိုင်ငံရဲ့ ten topစားရင်းဝင်သူဌေးကြီးဂျောင်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သော်လည်း ကျွန်မ soulကိုလာခဲ့သည်မှာ လျှို့ဝှက်စွာမို့ လူတွေ သိစရာမရှိ။ သတင်းထောက်တွေ အင်တာဗျူးသမားတွေကို မျက်ကွယ်ပြုကာ ကျော့ကျော့လေး လျှောက်လာတော့ ကျွန်မရှေ့တည့်တည့်တွင် လက်ပိုက်ပြီး ဟန်ပါပါရပ်နေသော မိန်းမတစ်ဦး။ နှုတ်ခမ်းကို တွန့်ချိုးကာပြုံးကြည့်နေသည့် ဒီမိန်းမ၏ အပြုံးတွေမှာ သေလောက်အောင် လှပေမဲ့ အနှစ်နှစ်အလလက တွယ်နေသည့် ကျွန်မ၏ အမုန်းတရားတွေမှာ ရင်ထဲတလိပ်လိပ်တက်လာသည်။

ဤမိန်းမက ကျွန်မဆီကို တလှမ်းချင်းလျှောက်လာပြီး ကျွန်မလက်မောင်းကို ရဲတင်းပိုင်နိုင်စွာ ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း ပွေ့ဖက်လာလေသည်။

"ပြန်လာပြီပေါ့လေ၊ အမေလွမ်းနေခဲ့တာ”

အမေတဲ့။ သိပ်ရယ်ရလွန်းသည်။ ဒီမိန်းမက ကျွန်မအမေနေရာဝင်ယူထားသည့်မိထွေးဆို ပိုမှန်လိမ့်မည်။ မိထွေးတောင် ရိုးရိုးမဟုတ်။ ကျွန်မထက် သုံးနှစ်သာ အသက်ကြီးပြီး လူတကာက ငေးမောဖွယ် ရင်သတ်ရှုမောဖွယ်ဖြစ်အောင်လှသည့်မိန်းမ။

ကျွန်မ လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။ ကျွန်မအသားကို လာထိသည့် ဒီမိန်းမကို တွန်းထုတ်ပြီး ရန်လုပ်ပစ်ချင်ပေမဲ့ ရောက်ရောက်ချင်း ကျွန်မ၏ မကောင်းသတင်းကို သတင်းစာခေါင်းကြီးပိုင်းတွင် မမြင်ချင်ပါ။

"သမီးရေ အမေတို့ သွားရအောင်၊ အိမ်မှာ မင်းအဖေစောင့်နေတယ်'

ဟန်ဆောင်ကောင်းလွန်းသည့် ဒီမိန်းမကို ကျွန်မအော်ဂလီဆန်လွန်းလှသည်။ သူမရည်ရွယ်ချက်က ကျွန်မကို သူမကသမီးအရင်းတစ်ယောက်လို ဘယ်လောက်ချစ်ကြောင်း ဂရုစိုက်
ကြောင်းပြချင်သည်ပဲလေ။ သူမအောင်မြင်ပါသည်။

ဒီမိန်းမနှင့် ကားအတူစီးရသည်မှာ ကျွန်မမုန်းလှသော်လည်း မတတ်သာ၍ လိုက်လာခဲ့ရသည်။

အငြိုး/အၿငိဳးحيث تعيش القصص. اكتشف الآن