တစ်နှစ်ခန့်ကြာသော်။
စာရင်းစာအုပ်တွေကို ရှေ့နောက်လှန်လျှောလိုက်ပြီး စိတ်မပါစွာဖြင့် ပြန်ပိတ်ကာ ဆူရာ laptopတစ်လုံးဖြင့် ဂိမ်းထိုင်ဆော့နေလိုက်သည်။ အနည်းငယ်အချိန်ကြာမြင့်လာတော့ ဂိမ်းဆော့ရသည်မှာလည်း စိတ်မဝင်စားချင်တော့ပေ။ ကုမ္ပဏီအလုပ်ကို နည်းနည်းလေးတောင် စိတ်မဝင်စားပါဘူးဆိုမှ ဘာတွေ လုပ်ခိုင်းနေမှန်းမသိ။
"ရူးချင်တာပဲ ဒီမိန်းမတော့ စီးပွားရေးပဲ သိတယ်''
ဆူရာ ပွစိပွစိရေရွတ်ရင်း အခန်းအတွင်းမှ စူဆောင့်ကာ ဂျောင်မိုင်နာရုံးခန်းဆီသို့ ထွက်လာခဲ့သည်။ သူမရုံးခန်းရှေ့ရောက်တော့ အတွင်းရေးမှူးမီဂျီကို အသိပေးမနေတော့ဘဲ မှန်တံခါးကို ကိုယ်တိုင်ဖွင့်ဝင်လိုက်တော့ ဂျောင်မိုင်နာက ဆုံလည်ကုလားထိုင်၌ ထိုင်ရင်း ဖုန်းပြောနေလေသည်။
"အစ်မပြောတာကို နားထောင်စမ်းပါ ဆိုအာ အစ်မ တကယ်ပြောနေတာ ညီမလေးလက်ခံမယ်ဆိုရင် အစ်မဒီမှာ အားလုံးစီစဉ်ထားလိုက်မယ် ဆေးရုံလဲ အဆင်သင့်ပဲ''
"...''
"ဘာလို့လဲ ဒယ်ဂူမှာ ဘာတွယ်တာစရာတွေရှိနေလို့ ဒီလောက်ငြင်းနေတာလဲ အစ်မလည်း လွမ်းတယ်၊ ကိုယ့်ညီမလေးနဲ့အတူနေချင်တယ်''
ဆိုအာနှင့် အတိုက်အခံစကားပြောနေပုံရသောဂျောင်မိုင်နာကို ဆူရာ မကြည်ကြည့်ရင်း သူမနှင့် မျက်နှာချင်းဆိုင်ခုံ၌ ခြေချိတ်ထိုင်ပြီး ဖုန်းပြောပြီးသည်အထိ စောင့်နေလိုက်သည်။
"တော်ပြီ၊ စိတ်ဆိုးတယ် ဒါပဲ''
ညီမကို စိတ်ကောက်ပုံဖြင့် ဖုန်းချပစ်လိုက်သောသူမကြောင့် ဆူရာ ရယ်ချင်သွားပေမယ့် ကိုယ့်ကို အလုပ်တွေမတရားခိုင်းထားတာကြောင့် သူမကို စိတ်သိပ်မကြည်ချင်တာမို့ ဖျတ်ခနဲသာပြုံးလိုက်သည်။
"ဘာဖြစ်တာလဲ''
"ဘာဖြစ်ရမှာလဲ၊ မင်းသူငယ်ချင်းလေ ပြောရဆိုရသိပ်လက်ပေါက်ကပ်တာပဲ ဆိုးလ်ကို ပြောင်းရွှေ့တင်ပါလို့ပြောနေတာ ကြာလှပြီ၊ မပြောင်းဘူး ဒယ်ဂူဆေးရုံမှာပဲနေမှာတဲ့ အဲဒီဆေးရုံက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေလို့ အစ်မကို တစ်နှစ်လုံးပစ်ထားရတာလဲကွာ တွေးရင်း တကယ်ဒေါသထွက်တယ်''
![](https://img.wattpad.com/cover/331028705-288-k232372.jpg)
YOU ARE READING
အငြိုး/အၿငိဳး