အပိုင်း ၁၆

1.7K 129 0
                                    

ကုမ္ပဏီထဲကို ခြေချလိုက်သည်ဆိုတာနဲ့ ဝန်ထမ်းတွေအားလုံး အစဉ်တိုင်းကြိုဆိုနေကြသည်။

ဌာနတစ်ခုချင်းစီတိုင်းက တာဝန်ခံတွေကို ချက်ချင်း အစည်းအဝေးကာ ကုမ္ပဏီရဲ့ထုတ်ကုန်နဲ့ ပတ်သက်ပြီး ရောင်းအား ထပ်မြင့်တင်ရန် ညွန်ကြားသည်။ အတွင်းရေးမှူးမီဂျီက အနားမှနေ ကပ်ကာ ထုတ်ကုန်အကြောင်း ဆက်တိုက်တင်ပြနေ၏။ ခေါင်းတညိတ်ညိတ်နားထောင်ရင်း အစည်းအဝေးအခန်းမှ မိုင်နာခပ်တည်တည်ထွက်လာခဲ့သည်။

ရုံးခန်းရောက်တော့ မီဂျီတင်ပြတဲ့ ဒီလရဲ့ ဝင်ငွေထွက်ငွေစာရင်းများ အကုန်ပြန်စစ်ဆေးရသည်။ ဆက်တိုက်အလုပ်လုပ်လိုက်တာကြောင့် မျက်လုံးကိုက်လာကာ စာကြည့်မျက်မှန်အဝိုင်းလေးအောက်က မျက်ရိုးကို လက်နဲ့ အသာဖိနှိပ်လိုက်သည်။ ဆုံလည်ခုံမှာ ကျောကို မှီချရင်း မျက်လုံးတွေကို ပိတ်ထားမိသည်။

"ပင်ပန်းနေပြီမဟုတ်လားမမ၊ မနေ့ကမှနယူးဒေလီကပြန်ရောက်တာကို ဒီနေ့နားလိုက်တာမဟုတ်ဘူး၊ အလုပ်က မီဂျီအားလုံးလုပ်လို့ရတယ်"

A 4စာရွက်တစ်ထုပ်ကို သယ်ကာ ရုံးခန်းထဲဝင်လာသောမီဂျီကို တစ်ချက်လှည့်ကြည့်ပြီး မိုင်နာပြုံးလိုက်သည်။

"ဒီလိုပါပဲ၊ အိမ်မှာနေရတာ နည်းနည်းစိတ်ဖိစီးနေလို့ အလုပ်လာလိုက်တော့ ပိုသက်သာသွားမလားလို့လေ"

"နေလည်းသိပ်ကောင်းတာမဟုတ်ဘဲနဲ့မမရယ်"

မီဂျီက စိတ်မကောင်းတဲ့အမူအရာဖြင့် ပြောတော့ မိုင်နာရယ်ပြီး လက်နှစ်ဖက်ကိုဆန့်လိုက်သည်။

"မင်းကြည့်လေ တို့ဒေလီက ပြန်လာတာ ပိုလန်းဆန်းသွားတယ်မထင်ဘူးလား၊ ဒေလီက EDMဖျော်ဖြေပွဲမှာ နာရီဝက်လောက် တို့ကခဲ့တာသိရင် မင်းအံ့သြသွားလိမ့်မယ်''

"တကယ်! ပျော်ဖို့ကောင်းမှာပဲ နောက်တစ်ခါဘယ်သွားသွား မီဂျီကို ခေါ်နော်''

"အင်းပါ၊ အ...''

ခေါင်းငုံ့ပြီး computerပြန်ကြည့်လိုက်တော့ ဇက်ကြောတက်လာတာကြောင့် ခပ်ဖွဖွညည်းမိသည်။

"ညောင်းနေတယ်မလား၊ မီဂျီနှိပ်ပေးမယ်လေ၊ မီဂျီက အိမ်မှာ အဖွားကို နှိပ်ပေးနေကျ နှိပ်တတ်တယ်''

အငြိုး/အၿငိဳးWhere stories live. Discover now