အပိုင်း ၁၄

1.6K 128 1
                                    

တိမ်ညို တိမ်မဲများ စုပြုံလျက် ငိုချတော့မည့်အသွင်ဆောင်နေသော ကောင်းကင်ကို မော့ကြည့်ကာ မိုင်နာစိတ်ညစ်သွားရသည်။ busကားလည်း မရောက်နိုင် မိုးကလည်း မကြာခင်၌ အသည်းအသန်ရွာချတော့မည်။ ရထားစီးသွားဖို့ကလည်း ဘူတာနှင့် အတော်လှမ်းတာမို့ အိမ်ကို လမ်းလျှောက်ပြန်လျှင်တောင် ပိုမြန်နိုင်ချေများသည်။

ရုံးဆင်းချိန်မို့ busကားရောက်လာခဲ့လျှင်တောင် လူကြပ်မှာ အသေချာ။ ထိုကြောင့် ဘတ်စ်ကားဂိတ်မှ ခပ်သုတ်သုတ်ထွက်လာတော့ မိုးတွေက အားကောင်းစွာ ရွာချလေတော့သည်။ ကိုယ်ပေါ်စိုရွဲလာသည့် မိုးရေတွေကို လက်နှင့် ကာရင်း မိုးခိုရန် နေရာရှာဖွေနေလိုက်သည်။

သိပ်မကြာလိုက်။ အနက်ရောင်ဇိမ်ခံကားအကောင်းစားတစ်စီးက မိုင်နာရပ်နေသည့် ပလပ်ဖောင်းနံဘေး၌ ထိုးရပ်လာလေသည်။ ကားနောက်ခန်းတံခါးပွင့်လာကာ ကားပေါ်မှ လူတစ်ယောက် ထီးဖွင့်ကာ ဆင်းလာသည်။

အဲဒီလူ။ ဂျောင်ဥက္ကဌကြီး။ ကျွန်မ သူ့ဆီကို မသွားခဲ့ဘူး။ သူ့ကို မချဉ်းကပ်ခဲ့ဘူး။ သူကိုယ်တိုင်က ကျွန်မကို လက်စားချေခွင့်ရဖို့ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မရှေ့ရောက်လာခဲ့သည်။

"ကလေးမလေး၊ ထီးမပါဘဲ မိုးရေထဲသွားနေရင် နေမကောင်းဖြစ်လိမ့်မယ်၊ လိုက်ပို့ပေးပါရစေ”တဲ့လေ။

အဲဒီလူယုတ်မာအဖိုးကြီးနှင့် ကျွန်မ ဒီလိုနည်းဖြင့် စသိခဲ့ရသည်။ ကျွန်မမှာ မိုးရွာတာကိုပဲ ကျေးဇူးတင်ရမလိုလို ထီးမပါတာကိုပဲ ဝမ်းသာရမလိုလို။

အမှန်တိုင်းပြောရလျှင် ကျွန်မ၏ယခုပုံစံက တစ်နေကုန် အချိန်ပိုင်းအလုပ်တွေလုပ်ထားရသောကြောင့် လူက ပင်ပန်နွမ်းနယ်ပြီး တော်တော်လေးလည်း စုတ်ပဲ့နေလိမ့်မည်။ ဒီကြားထဲ မိုးကစို​တော့ ပြောစရာပင်မရှိ။

အဲဒီ...အဲဒီလို မလှမပ ဗရမ်းဗတာပုံစံနဲ့တောင် ဒီအဘိုးကြီးကို ဆွဲဆောင်နိုင်သေးတယ်ဆိုတော့ ကျွန်မရဲ့ရူပါက တော်တော်လေးထူးခြားတယ်ပြောရမည်။ နောက်ပိုင်း ကျွန်မတို့ တွဲသွားတွဲလာလုပ်ဖြစ်သည်။ ကျွန်မ လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးတတ်တော့ ကျွန်မစဉ်းစားမိသည်။

အငြိုး/အၿငိဳးWhere stories live. Discover now