ကျောင်းစာကြည့်တိုက်၌ သူငယ်ချင်းရှင်းဟီနှင့်အတူ မိုင်နာစာဖတ်နေပေမယ့် စိတ်တို့မှာ လုံးဝစုစည်းမရအောင် ပျံ့လွင့်နေသည်။
"ငါ့ကို ဒီအပိုဒ်ရှင်းပြပေးမိုင်နာ၊ ငါနားမလည်လို့”
"ဟမ်''
"နင်ဘာဖြစ်နေတာလဲမိုင်နာ၊ အခုတလော နင့်ကြည့်ရတာ မလန်းမဆန်းနဲ့”
ရှင်းဟီက အားမရစွာပြောလာတော့ မိုင်နာသက်ပြင်းချလိုက်သည်။
"အကြွေးဆပ်ဖို့အတွက် အဖေက ငါတို့အိမ်စာချုပ်ကို ချေးငွေလုပ်ငန်းတစ်ခုမှာ အပေါင်ထားလိုက်တယ်၊ လကုန်လာရင် အတိုးပေးရတာနဲ့ အိမ်အသုံးစရိတ် ညီမလေးနဲ့ငါ့ရဲ့ကျောင်းစရိတ် မလောက်ဘူးဟာ၊ အိမ်မှာ ပိုက်ဆံလည်းမရှိဘူး၊ ငါဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူးဟာ၊ ဒီကြားထဲ အမေကကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး၊ ငါစိတ်ညစ်တာပဲသိတယ်”
ရှင်းဟီက မိုင်နာပခုံးကို ခပ်ဖွဖွကိုင်ကာ အားပေးသည်။
"ပိုက်ဆံအတွက် စိတ်မညစ်ပါနဲ့၊ ငါနင့်ကိုကူညီမယ်”
ရှင်းဟီက သူမကျောဘိုးအိတ်ထဲမှ ပိုက်ဆံအိတ်ယူထုတ်ကာ ပေးလာသည်။
"ရော့”
မိုင်နာ ရှင်းဟီပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ မျက်လုံးအဝိုင်းသားဖြစ်သွားသည်။
"ပိုက်ဆံတွေ အများကြီးပဲ၊ ဘယ်ကရတာလဲ၊ နင်ခိုးလာတာတော့မဟုတ်ပါဘူးနော်”
ရှင်းဟီက ဆရာကြီးstyleနှင့် ပြုံးစစလုပ်နေရာမှ မိုင်နာ့စကားကြောင့် မျက်နှာရှုံ့မဲ့သွားသည်။
"နင်ဟာ လူကို”
မိုင်နာတစ်ချက်ရယ်လိုက်ပြီး မျက်နှာပြန်တည်ကာ ရှင်းဟီကို ကြည့်လိုက်သည်။
"နင် ဒီပိုက်ဆံတွေကို ဂျောင်ဥက္ကဌကြီးဆီက ရခဲ့တာမဟုတ်လားရှင်းဟီ”
ခပ်ပြုံးပြုံးဖြစ်နေသည့် ရှင်းဟီမျက်နှာက ဒီတစ်ခါတွင် လုံးဝညှိုးကျသွားသည်။
"နင်...နင်သိနေတယ်”
ခေါင်းငုံ့သွားသည့် သူငယ်ချင်းမလေးကို မိုင်နာနစ်သိမ့်ပေးရန် စကားစရှာမရနိုင်ခဲ့။
YOU ARE READING
အငြိုး/အၿငိဳး