အပိုင်း ၇

1.6K 141 0
                                    


"ဝါး”

ခွဲစိတ်ခန်းထဲမှ ထွက်ထွက်ချင်း ကိုယ်လက် သန့်စင်ပြီး ဆူရာ ဝါးခနဲ သမ်းလိုက်သည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး အပျင်းကြောဆန့်လိုက်သည်။

"ပင်ပန်းလိုက်တာ''

သူငယ်ချင်းမလေးဂိုအာ၏ ရုံးခန်းထဲဝင်လိုက်တော့ ရှုပ်ပွနေသည့် စာရွက်စာတန်းတချို့ စားပွဲပေါ်၌ ပြန့်ကျဲနေကာ ဂိုအာကတော့မရှိ။ ဆိုအာ နာရီတစ်ချက်ကြည့်လိုက်တော့ မနက်လေးနာရီ၊၊ အဝတ်တောင် မလဲနေတော့ဘဲ နီးရာဆိုဖာတစ်ခု၌ ထိုးအိပ်ပစ်လိုက်သည်။ အချိန်မှာ သုံးနာရီကျော် ကြာသွား၏။

"ဆိုအာရေ ထတော့၊ မိုးလင်းနေပြီဟ''

အတင်းလှုပ်နိုးခံလိုက်ရသောကြောင့် ဆိုအာအိပ်ချင်မူးတူးဖြင့် ထထိုင်ကာ မျက်လုံးကို အတင်းအားယူကာဖွင့်လိုက်သည်။

"နင်ကလည်းဟာ၊ ငါ တစ်ညလုံးdutyဝင်နေရတာ၊ မနက်လေးနာရီမှအိပ်ရတာကို ဘာလို့ ဇွတ်နိုးနေတာလဲ''

ဆိုအာ မကျေမနပ် ရန်တွေ့လိုက်တော့ တစ်ဖက်က စကားပြောသံ ဘာမှမကြားရ။ ဆိုအာကြောင်သွားကာ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည့် ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ဂိုအာကို ကြည့်လိုက်သည်။ ပျက်ယွင်းနေသည့် ဂိုအာမျက်နှာကြောင့် ဆိုအာရယ်လိုက်သည်။

"ဘာလဲဟာ၊ မနက်စောစောစီးစီး နင့်မျက်နှာက ကျက်သရေ မရှိလိုက်တာ၊ ရည်းစားပူမိနေပြန်ပြီလား၊ ဒါကြောင့် ငါပြောပါတယ်၊ အပူမရှာချင်စမ်းပါနဲ့လို့ ၊ အိပ်ငိုက်လို့ သေတော့မှာပဲ့၊ ငါ အိမ်ပြန်တော့မယ်၊ နင့်အိမ်သော့ပေးအုံး”

ဆိုအာ လက်ဝါးဖြန့်တောင်းလိုက်တော့ ဂိုအာက သက်ပြင်းသဲ့သဲ့ချကာ တစ်ခုခုပြောရန် အားယူနေသည်။

"ဆိုအာ ဒီရောက်နေတာကိုး၊ ကိုယ်ကော်ဖီနဲ့မုန့်ဝယ်လာတယ်''

စီနီယာချွဲက အခန်းထဲ ဝင်လာကာ ကော်ဖီခွက်လာပေးတော့ ဆိုအာရယ်ပြီး လှမ်းယူလိုက်သည်။

"ကျေးဇူးပဲစီနီယာ”

"ဒါဆို ကိုယ်သွားတော့မယ်၊ လုပ်စရာလေးရှိသေးလို့”

အငြိုး/အၿငိဳးWhere stories live. Discover now