အပိုင်း ၁၇

1.7K 154 2
                                    


မြူတွေအုပ်ဆိုင်းနေတဲ့တောအုပ်ကြီးရဲ့ဘေးမှာ သိပ်လှတဲ့ ရေအိုင်ငယ်လေးတစ်ခု။ တောလမ်းတစ်လျှောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ချယ်ရီပန်းများနဲ့ တေးသံသီဆိုနေတဲ့ ဌက်ကလေးတွေက တောအုပ်ကို အလှဆင်ထားကြသည်။

နွေဦးရာသီ။ မနေ့ကထိ တဖွေးဖွေးလှုပ်အောင်ကျနေတဲ့နှင်းတွေကို မြင်ခဲ့ရ၏။ အခုတော့ နွေဦးရောက်ပြီတဲ့။

"ခစ်ခစ်”

"ဟားဟား”

တစ်ဆက်တည်းထွက်လာတဲ့ ရယ်သံလွင်လွင်ကြောင့် ထိုရယ်သံပိုင်ရှင်ကို ရေအိုင်ဘေးမှာ အသည်းအသန်ရှာဖွေမိသည်။ ရယ်သံတွေက တောအုပ်ကနေရာအနှံ့ကထွက်လာတယ်လို့ သိလိုက်ရတဲ့အခိုက်အတန့် ကျွန်မရဲ့အမြင်အာရုံတွေက ချာချာလည် မူးနှောက်လာသည်။ နားနှစ်ဖက်ကို လက်နဲ့အုပ်ပစ်ပြီး မြေပြင်ပေါ်ထိုင်ချလိုက်တော့ ထိုရယ်သံများ တိတ်ဆိတ်သွားသည်။ မြူတွေကြားကနေ ​တိုးထွက်ပေါ်လာတဲ့ အရိပ်နှစ်ခုကိုမြင်လိုက်ရတော့ ထိုင်နေရာမှ ထရပ်လိုက်မိသည်။

”မိုင်နာ”

ခေါ်သံအဆုံးမှာ ပြတ်သားကြည်လင်လာတဲ့ရှင်းဟီရဲ့ပြုံးနေတဲ့မျက်နှာလေးကို တွေ့လိုက်ရသည်။

”မစ္စယွန်း”

ရှင်းဟီဘေးတွင် ပြုံးပြီးရပ်နေသော ဂွန်းကို တွေ့လိုက်ရတော့ မိုင်နာအလိုလိုပြုံးသွားသည်။

”နင့်ကို ငါတို့လာခေါ်တာ”

”တကယ်ပြောတာလား”

"ကိုယ်တို့နဲ့အတူလိုက်ခဲ့တော့''

ဂွန်းက လက်လှမ်းပေးလိုက်တော့ ဂွန်းလက်ကို ဆွဲရန် မိုင်နာလက်မြှောက်လိုက်သည်။

ဂွန်းလက်နဲ့ ထိရန် အနည်းငယ်သာလိုတော့တဲ့အချိန်မှာ နောကမှ တစ်ယောက်ယောက်က လက်ကို လှမ်းဆွဲလိုက်တာမို့ မိုင်နာအူကြောင်ကြောင်လေးဖြစ်သွားသည်။

"ဆိုအာ”

”ဂျောင်ဆူရာ”

နောက်မှ မိုင်နာ့လက်ကို လှမ်းဆွဲလိုက်သူက ညီမလေးနဲ့ဂျောင်ဆူရာဖြစ်နေတော့ မိုင်နာပိုအံ့သြသွားသည်။

အငြိုး/အၿငိဳးWhere stories live. Discover now