အပိုင်း ၁၂

1.5K 115 0
                                    


Dutyချိန်မကျသေးသဖြင့် ဆိုအာ နှလုံးခွဲစိတ်မှုမှတ်တမ်းvideoတွေကို လေ့လာနေလိုက်သည်။ စာမေးပွဲရက်မှာလည်း သိပ်မလိုတော့။ ဆရာဝန်လက်မှတ်တရားဝင်ရသွားခဲ့လျှင် နယ်ဘက်ကို ပြောင်းရွှေ့တင်ပြီး ဆေးဝါးမမှီသည့်မြို့တွေနယ်တွေ၌ ပရဟိတဆေးကုပြီး ဘဝကို အေးအေးချမ်းချမ်း ရိုးရိုးရှင်းရှင်း ဖြတ်သန်းမည်။ စားသောက်သုံးစွဲဖို့အတွက်က ဆိုအာ့တစ်ယောက်စာအတွက် အစိုးရလစာလေးနှင့်လည်း ဖူလုံနိုင်သည်။

"အစ်မဆိုအာ”

သူနာပြုထယ်ဂျီ၏အလောတကြီးခေါ်သံကြောင့် လူက ထိပ်ထိပ်ပျာပျာဖြစ်သွားသည်။

"ဘာဖြစ်တာလဲ”

"အလုပ်ခွင်မှာ ဝမ်းဗိုက်ကို သံချွန်နဲ့ ထိုးမိတဲ့လူနာတစ်ယောက် အရေးပေါ်ရောက်လာတယ်၊ ခွဲစိတ်မဲ့ ဆရာဝန်လည်း ဘယ်သူမှမရှိဘူး၊ ဘယ်လိုလုပ်ရမလဲ”

"စီနီယာချွဲကရော ခွဲစိတ်တာဘယ်တော့ပြီးမှာလဲ''

"နာရီဝက်လောက်ကြာဦးမယ်၊ လူနာက အဲ့လောက်မစောင့်နိုင်တော့ဘူးထင်တယ်၊ ဘယ်လိုလုပ်ရမလဲအစ်မ”

"ဘယ်ဌာနမှာမှ ခွဲစိတ်ပေးမဲ့သူမရှိတာသေချာလား”

"ဟုတ်၊ မရှိဘူး”

ဆိုအာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

"ခွဲရမှာပေါ့၊ အဆင်သင့်ပြင်ထားပေး”

"ဗျာ”

ဆိုအာ ခွဲစိတ်ခန်းအင်္ကျီအမြန်လဲဝတ်ပြီး ခွဲစိတ်ခန်းသုံးလက်အိတ်ဝတ်ကာ အားတင်းရင်း ခွဲစိတ်ခန်းဝင်လာတော့ ထယ်ဂျီနှင့် နောက်ထပ်သူနာပြုမိန်းကလေးနှစ်ဦးက ဆိုအာ့ကို ဖြစ်ပါ့မလားဆိုသည့်အကြည့်ဖြင့်ကြည့်သည်။

"ငါ့ကို ယုံတယ်မလား”

သူတို့သုံးယောက်ခေါင်းညိတ်ပြတော့ ဆိုအာ ခွဲစိတ်ရန် ဓားကို ကိုင်လိုက်သည်။ ခွဲစိတ်ခန်းထဲကို အခေါက်ပေါင်းများစွာ ဝင်ဖူးပေမယ့် တစ်ခါမှဦးဆောင်ပြီးတော့ မလုပ်ခဲ့ဖူး။ လူတစ်ယောက်၏ အသက်က ဆိုအာ့လက်ထဲရောက်နေတယ်ဆိုသည့်အသိဖြင့် အရမ်းစိတ်လှုပ်ရှားနေရသည်။ သံချွန်တုတ်ကို ဝမ်းဗိုက်ထဲမှ ဆွဲထုတ်လိုက်ချိန်မှာတော့သွေးတွေက ဒလဟောစိမ့်ထွက်လာသည်။

အငြိုး/အၿငိဳးWhere stories live. Discover now