ကားပေါ်တွင် သက်ရှိသတ္တဝါဟူ၍ ဘာမှမရှိသည့်အတိုင်း တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်လေထု အေးစက်နေပုံမှာ ဆောင်းဦးရောက်လာ၍လား ဒါမှမဟုတ် မျက်နှာထားတင်းတင်းနှင့် ကားကိုသာ အကြောင်းမဲ့ ခပ်ကြမ်းကြမ်းမောင်းနေသည့် ဂျောင်ဆူရာကြောင့်လားဆိုတာ ဆိုအာ တကယ်မဝေခွဲတတ်ပေ။
သတင်းစာရှင်းလင်းပွဲမှ ပြန်လာတည်းက ကားကို ဆက်တိုက်မောင်းနေ၏။ ဘာစကားတစ်ခွန်းမှလည်း မပြော။ ဤလို အောင့်သက်သက် အခြေအနေကြီးကို ဆိုအာတကယ်မကြိုက်။ နောက်ဆုံးတော့ မနေနိုင်သည့်ကိုယ်ကပဲ တစ်ခုခုစပြောရန် ဆုံးဖြတ်လိုက်သည်။
"ဂျောင်ဆူရာ''
ဆိုအာခေါ်လိုက်ပေမယ့် သူမက တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြသည်။
"နင် ရုပ်ရှင်ကြည့်ချင်လား''
ဘာတဲ့၊ ငါအခု ရူးနေပြီလား၊ စကားအဆက်အစပ်မရှိ ဘာကို ရုပ်ရှင်ကြည့်ချင်လားလဲ။
"မကြည့်ချင်ပါဘူး''
"ဟုတ်လား၊ ဗိုက်ဆာတယ်မလား၊ ငါတို့ တော့ပိုကီစားမလား''
"မစားချင်ဘူး''
"ဟုတ်လား၊ ဒါဆို ငါတို့''
"ဆိုအာ...နင်''
သူမ ကားရပ်ပြီး လှမ်းအော်လိုက်တော့ ဆိုအာပြောမည့်စကားတွေ လည်ချောင်ဝနားတင် ပျောက်သွားသည်။ ဆိုအာ သူမကို သနားစရာမျက်နှာလေးနှင့် လှမ်းကြည့်လိုက်တော့ သူမက စိတ်မရှည်သလို မျက်နှာဘေးဖြင့်။
"ဝေ့ဝိုက်မနေဘဲ လိုရင်းကို ပြောလို့မရဘူးလား၊ တကယ်ပြောချင်တဲ့စကားက ဘာလဲ''
ဆိုအာ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ရင်း
"ဟို ဟိုလေ ငါနင်နဲ့ ဒီနေ့ ဒိတ် ဒိတ်လုပ်ချင်လို့''
"ဘာ ဘာပြောတယ်!''
သူမ ထအော်လိုက်တော့ ဆိုအာလန့်သွားသည်။
"မဟုတ်ဘူး၊ ငါပြောတာက ဟိုလို ဒိတ်မဟုတ်ဘူး၊ ဒီတိုင်း လျှောက်လည်ရအောင်ပြောတာ''
ဆိုအာ ဖြေရှင်းချက် အမြန်ပေးလိုက်မှ သူမက ကျေနပ်သွားသည်။
YOU ARE READING
အငြိုး/အၿငိဳး