အပိုင်း ၉

1.5K 141 0
                                    

ကျယ်ဝန်းလှသည့် ရေကူးကန်ထဲတွင် မိုင်နာတစ်ဦးတည်း ရွှေငါးမလေးလို ဘယ်ညာကူးခပ်နေသည်။ အနည်းငယ်မောဟိုက်လာတော့ ရေကန်ဘောင်ပေါ်၌ တက်ထိုင်လိုက်သည်။ တဘက်ပိုင်းကိုင်ကာ စောင့်နေသည့် အတွင်းရေးမှူးမီဂျီကို လှမ်းကြည့်လိုက်တော့ မိုင်နာခန္ဓာကိုယ်ကို အံ့သြမှင်သက်စွာ မျက်လုံးအပြူးသား ငေးကြည့်နေသည်။ မိုင်နာပြုံးပြီး ထရပ်လိုက်တော့ သူမပါးစပ်တွေ ပွင့်ဟသွားသောကြောင့် မိုင်နာ ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ မိုင်နာ သူမနားလျှောက်သွားကာ ရှေ့တွင် ရပ်လိုက်တော့ သူမက အယောင်ယောင်အမှားမှား။ မိုင်နာ သူမလက်ထဲမှ တဘက်ပိုင်းအဖြူကို ဆွဲယူပြီး ကိုယ်တွင် လွှမ်းခြုံလိုက်သည်။

"သရေတွေ ကျနေပြီ၊ သုတ်လိုက်ဦး”

"ရှင်”

မီဂျီက အူကြောကြောင်ဖြင့် သူမပါးစပ်ကို သုတ်နေသဖြင့် မိုင်နာရယ်လိုက်သည်။

"နောက်နေတာပါ”

မိုင်နာပြောပြီး အခန်းထဲဝင်သွားတော့မှ မီဂျီက သတိဝင်လာကာ ကပျာကယာတောင်းပန်သည်။ မိုင်နာ ရေချိုးအဝတ်အစားလဲပြီးတော့ ကုမ္ပဏီကိုတန်းလာခဲ့သည်။

"ဒီနေ့ရော ဂျောင်ဆူရာ ကုမ္ပဏီကို မလာဘူးလားမီဂျီ''

"မလာဘူးမမ''

"ဒီကောင်မလေးကတော့လေ ဒီနေ့အရေးကြီးmeetingရှိတာသိရက်နဲ့ ဘယ်လိုလုပ်မလာရဲရတာလဲ''

မိုင်နာ ခပ်ဖွဖွ ညည်းတွားပစ်လိုက်သည်။

"ကျွန်မစုံစမ်းမိတာကတော့ မမလေးဂျောင်ဆူရာက ယွန်းဆိုအာလို့ခေါ်တဲ့ အလုပ်သင်ဆရာဝန်မတစ်ယောက်နဲ့ အချိန်ဖြုန်းနေတယ်၊ မနေ့တုန်းကလည်း သူတို့ dateလုပ်ကြတယ်ထင်တယ်”

မိုင်နာလန့်သွားသည်။

"ဘယ်လို! ယွန်းဆိုအာဟုတ်လား''

"ဟုတ်တယ်မမ”

"ဒိတ်လုပ်တယ်ဟုတ်လား၊ ဘာသဘောလဲ သူတို့ ဘယ်အဆင့်ထိရောက်နေကြပြီလဲ ဂျောင်ဆူရာက lesbianလား”

"ဒါတော့ မီဂျီလည်း သေချာမသိဘူး၊ ဒါပေမယ့် သူတို့ ရင်းနှီးကြတာကတော့ အသေချာပဲ”

အငြိုး/အၿငိဳးWhere stories live. Discover now