ဆူရာ အိမ်တွင်းပုန်းနေခဲ့သည်မှာ သုံးရက်ရှိပြီ၊၊ ဆေးရုံတွင် အဖေ့ကိုလည်း သွားမတွေ့ဖြစ်ပါ။ ဤနေ့တော့ ဘာဖြစ်ဖြစ် ဆူရာ ဆေးရုံသွားရမည်၊၊ ဆူရာ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ခေါ်လိုက်သည်၊၊
"Hello မမလေး”
တစ်ဖက်က သြရှရှနှင့် ယောက်ျားလေးတစ်ယောက်အသံက အမြန်အဆန်ထွက်လာသည်။
"ဂျောင်ဟွန်း”
"ဟုတ်ကဲ့မမလေး၊ မမလေးတာဝန်ယူထားရဲ့အလုပ်တွေ ကျွန်တော် အားလုံးလုပ်ထားပါတယ်၊ အရေးကြီးတဲ့meetingလည်း မရှိတာမို့ ကုမ္ပဏီမလာလည်း ရပါတယ်ဗျ”
"ငါသိတယ်၊ ငါနင့်ကိုမေးချင်တာက အဖေ မနေ့က ခွဲစိတ်တာ အခြေနေဘယ်လိုလဲ”
"ခွဲစိတ်တာအောင်မြင်ပေမယ့် နှလုံးကအကောင်းပကတိတော့ မဖြစ်သေးဘူးမမလေး၊ လောလောဆယ် တောင့်ခံထားလို့ရပေမယ့် စိတ်ဖိစီးမှုတွေ များလာရင် အစားထိုးကုသမှုလုပ်ရမယ်လို့ပြောပါတယ်မမလေး”
ဆူရာသက်ပြင်းသဲ့သဲ့ချလိုက်သည်။
"ကျွန်တော်ထင်တာတော့ မမလေး ဥက္ကဌကြီးကို သွားတွေ့သင့်တယ်”
"နင် ငါ့ကို ဘာလုပ်သင့်တယ် ညာလိုက်သင့်တယ်ဆိုပြီး ဆရာလုပ်စရာမလိုဘူး”
"တောင်းပန်ပါတယ်၊ ကျွန်တော်စကားပြောမှားသွားတယ်”
တစ်ဖက်က အသံမှာ ကြောက်လန့်နေမှန်းသိသာသည်။ အမှန်တော့ ဂျောင်ဟွန်းက ဆူရာ့ထက် အသက်အများကြီးကြီးပေမဲ့ ဘယ်တော့မှ အိုပါးဟု မခေါ်ခဲ့။ ယုံရလားတော့ မသေချာပေမယ့် ဂျောင်မိုင်နာလက်အောက်က မဟုတ်သောကြောင့် ဆူရာ့လက်ထောက်အဖြစ် ရွေးခဲ့သည်။ ဘယ်အချိန်သစ္စာဖောက်လာမလဲ မသိပေမယ့် ခုလောလောဆယ်၌ ဆူရာလှည့်ကြည့်စရာမလိုအောင် ဂျောင်ဟွန်းက အသုံးဝင်သည်။
ဆေးရုံထဲ ဝင်လိုက်သည်နှင့် ဆေးနံ့တွေက ဆူရာ နှာဝ ရစ်သီရစ်သီ။ မုန်းတီးသော ဤအနံ့အသက်များ။ ဤလို အနံ့အသက်များ ရသည့် နေရာ၌ ဆူရာ သုံးလကျော်နေခဲ့ရသောကြောင့် ပြန်တွေးမိလျှင် ကိုယ်တိုင်မသိလိုက်ခင်၌ အံကြိတ်မိ၏။ ဒီမိန်းမပေးသော ဒုက္ခတွေက ဆူရာ့ဘဝ၌ စိတ်ဒဏ်ရာပင်။
YOU ARE READING
အငြိုး/အၿငိဳး