အပိုင်း ၁၀

1.7K 136 0
                                    

ဆူရာ ကားပေါ်မှ ဆင်းလိုက်တော့ အိမ်တော်ထိန်းအဒေါ်ကြီးနှင့် အလုပ်သမားများ တန်းစီကာ စောင့်ကြိုနေကြသည်။ ဆူရာ ပန်းမျိုးစုံ စိုက်ပျိုးထားသည့် ခြံထဲကို လျှောက်သွားတော့ အိမ်တော်ထိန်းက နောက်မှ အတူလိုက်လာသည်။ အမေမရှိတော့စဉ်တည်းက ညှိုးနွမ်းခြောက်ကပ်သွားသည့် ပန်းခင်းကြီးသည် ယခုချိန်၌ အမေရှိစဥ်ကလိုမျိုး ပန်းမျိုးစုံ၊ အရောင်မျိုးစုံ၊ မွေးရနံ့အစုံတို့ဖြင့် လှပဖူးပွင့်နေကြသည်။

"ဟိုမိန်းမဘယ်သွားလဲ”

"မနက်တည်းက ထွက်သွားတာ၊ ဘယ်သွားလည်းတော့ အဒေါ်မသိပါဘူးကွယ်''

ပန်းခင်းကြီးတွင် ပျံဝဲနေသည့် လိပ်ပြာရောင်စုံလေးတွေကို ဆူရာငေးမိသည်။

"ဒီပန်းတွေကို ဟိုမိန်းမစိုက်ထားတာလား”

"ဟုတ်ပါတယ်၊ ဒီပန်းတွေအားလုံးကို သူဌေးကတော်ကိုယ်တိုင်စိုက်ထားတာ၊ အဒေါ့်အထင် သူဌေးကတော်က ပန်းအရမ်းကြိုက်ပုံပဲ အချိန်ရှိသရွေ့ ဒီပန်းတွေကိုပဲ ဂရုစိုက်နေတာပါ”

ဆူရာ မျက်မှောင်အနည်းငယ်ကြုတ်ပစ်လိုက်သည်။ ဒီမိန်းမလို ရက်စက်ယုတ်မာသည့် မိန်းမတစ်ယောက်၌ ဒီလိုနူးညံ့သည့် ပန်းလေးတွေ သဘာဝအလှတရားတွေကို တန်ဖိုးထားချစ်တတ်သည့်စိတ်ရှိခြင်းမှာ ထူးဆန်းစရာ။

"မမလေး ဒီအိမ်မှာ ပြန်လာမနေဘူးလား''

အဒေါ်ကြီး၏ ခပ်တိုးတိုးမေးစကားကြောင့် ဆူရာဆတ်ခနဲလှည့်ကြည့်လိုက်တော့ အဒေါ်ကြီးက ကပျာကယာ ဖြေရှင်းသည်။

"သူဌေးကြီးမရှိတော့ဘူးဆိုတော့ ဒီအိမ်မှာ သူဌေးကတော်တစ်ယောက်တည်း အထီးကျန်နေလို့ပါ၊ မမလေးသာ ပြန်လာနေရင် ကောင်းမှာပဲတွေးမိလို့”

ဆူရာ ခပ်မဲ့မဲ့ပြုံးလိုက်သည်။

"အထီးကျန်တယ်၊ ဒီမိန်းမကအထီးကျန်တတ်တယ်ပေါ့လေ၊ ဟက် ကောင်းတယ်၊ သူဒီလိုဖြစ်တာကောင်းတယ်”

ဆူရာ ပြောပြီးလှောင်ရယ်ရယ်နေလိုက်သည်။

"အဒေါ်တကယ်ပြောနေတာပါ''

အဒေါ်ကြီးက မျက်နှာငယ်နှင့်ထပ်ပြောလာတော့ ဆူရာရယ်နေတာ ရပ်လိုက်သည်။

အငြိုး/အၿငိဳးWhere stories live. Discover now