အပိုင်း ၂၁(ဇာတ်သိမ်း)

4.4K 186 1
                                    


အိပ်ရာမှ နိုးလာတော့ ဂျောင်ဆူရာ့ကို မတွေ့သောကြောင့် မိုင်နာအတော်လေးစိတ်ပူသွားသည်။ တစ်အိမ်လုံးအပြေးအလွှားလိုက်ရှာရင်း နောက်ဆုံးတော့ ခေါင်မိုးထပ်၌ ရပ်ပြီး စကားပြောနေတဲ့ ညီမလေးဆိုအာနှင့်ဂျောင်ဆူရာကိုတွေ့လိုက်ရသည်။

ပွေ့ဖက်ထားကြတဲ့သူတို့နှစ်ယောက်ကိုမြင်လိုက်ရတော့ ကျွန်မစိတ်ထဲမှာ တစ်ခုခုအမြင်မှန်ရသွားသလို။ အစတည်းက သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့သူတွေပဲမဟုတ်လား။ ကျွန်မကသာ သူတို့နှစ်ယောက်ကြားကို ဝင်ပြီးတော့ အခြေနေတွေ ရှုပ်ထွေးအောင် ဖဖန်တီးခဲ့ရင် အခုလောက်ဆို ပျော်ရွှင်စရာကောင်းတဲ့ relationshipတစ်ခု ပိုင်ဆိုင်ကြမှာ။ ကျွန်မတစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်။

အချိန်တိုင်း Jung groupရဲ့မိသားစုဝင်တွေကို လက်စားချေဖို့ပဲ တွေးနေမိပြီး ညီမလေးတားနေတဲ့ကြားကတောင် ဂျောင်ဆူရာ့ကို အပြစ်တွေ အများကြီးလုပ်ခဲ့သည်။

မိုင်နာ တိတ်ဆိတ်စွာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ရေခဲသေတ္တာထဲမှ ရှန်ပိန်တစ်လုံးယူပြီး ဖန်ခွက်ထဲအပြည့်ထည့်ကာ ထမင်းစားပွဲ၌ အတန်ကြာ တွေတွေလေးထိုင်နေမိသည်။ ရှန်ပိန်သောက်ရန် ခွက်ကို မော့လိုက်တော့ တစ်ယောက်ယောက်က လှမ်းဆွဲယူလိုက်တာကြောင့် မိုင်နာလှည့်ကြည့်လိုက်သည်။

"ရှင်နေမကောင်းသေးဘူးမလား၊ ဘာလို့အရက်တွေသောက်နေတာလဲ''

ဂျောင်ဆူရာက မိုင်နာ့လက်ထဲမှ ဆွဲယူထားတဲ့ ရှန်ပိန်ခွက်ကို ကြည့်ကာ ပြောရင်း မော့သောက်လိုက်သည်။

"မင်း ရှန်ပိန်နဲ့မတည့်ဘူးလေ''

မိုင်နာစကားတောင်မဆုံးလိုက်။ သူမက ခွက်အလွတ်လေးကို လှုပ်ယမ်းပြကာ စားပွဲပေါ် ပြန်ချလိုက်တော့ မိုင်နာထရပ်လိုက်သည်။ သူမက ဝိုင်တို့ဆိုဂျူတို့သောက်ရင် တော်ရုံနဲ့ မမူးတတ်ပေမယ့် ရှန်ပိန်ကို ဘယ်လိုမှမသောက်နိုင်တာ မိုင်နာအသိဆုံး။ ကိုမာရောဂါမှ သက်သာလာသူက နိုးနိုးချင်း ရှန်ပိန်သောက်သင့်သလား။

"မင်း သတိရလာပြီပေါ့''

"သတိရလာလို့ ရှင်နဲ့ စကားပြောနေတာလေ''

အငြိုး/အၿငိဳးWhere stories live. Discover now