အပိုင်း ၃

1.9K 176 0
                                    

ဆူရာ အခန်းထောင့်၌ ကုပ်ကုပ်လေးထိုင်နေတုန်း အသံကြား၍ မော့ကြည့်တော့ အပြုံးပန်းတွေ ဝေဝေဆာဆာနှင့်ဆူရာ့ဆီ လျှောက်လာနေသော ဂျောင်မိုင်နာကို တွေ့လိုက်ရသည်။

သူမကတော့ မုန်းဖို့ကောင်းစွာ အနှိုင်းမဲ့လှနေတုန်းပဲ။ ဒီလို ယုတ်မာတဲ့ မိန်းမမှာမှ ဘာလို့ ထိရက်ကိုင်ရက်စရာမရှိတဲ့ နတ်ဘုရားမလို အလှမျိုးရှိနေရတာလဲ၊၊

ဂျောင်မိုင်နာက ဆူရာ့ရှေ့တွင်ငုတ်တုတ် ထိုင်ချလိုက်ပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတွေနှင့် အတောက်ပဆုံး ပြုံးလေရဲ့။ ဆူရာသာ သူမအကြောင်းမသိရင် ဒီလိုအပြုံးမျိုး၌ နောက်တစ်ခါ ထပ်ကျရှုံးသွားလိမ့်ဦးမှာ။

"မင်း ဒီမှာနေရတာ အဆင်ပြေတယ်မလား”

ဆူရာ ခနဲ့တဲ့တဲ့ပြုံးလိုက်ကာ

"ဒီလိုအကြည့်မျိုးတွေနဲ့ ကြည့်လည်း အသုံးမဝင်ဘူး၊ မဟုတ်ရင် ကျွန်မကို တကယ်စိုးရိမ်နေတယ်လို့ အထင်မှားမိလိမ့်မယ်၊ ရှင် ဒီကို ဘာလာလုပ်တာလဲ”

"မင်းအဆင်ပြေရဲ့လားသိချင်လို့ လာကြည့်တာဆိုရင် မင်းယုံမှာလား”

ဆူရာ ဘာမှမပြောဘဲ ဒီမိန်းမ၏ မျက်ဝန်းတွေထဲ၌ အစစ်မှန်ကို ရှာဖွေနေမိသည်၊၊ ဒီမိန်းမကပဲဟန်ဆောင်ကောင်းလွန်းတာလား ဆူရာကပဲ ညံ့ဖျင်းလွန်းတာလား၊၊ ဒီမိန်းမ၏ ရည်ရွယ်ချက်ကို
ဆူရာ ဘယ်လိုမှ မဖတ်နိုင်ပေ။

"ကြည့်ရတာ မင်းအဆင်မပြေဘူးပဲ၊ ဒီမှာနေရတာ ဘယ်လိုခံစားရလဲ အရမ်းစိတ်ပျက်ဖို့ကောင်းလား”

အားတက်သရောပြောနေသည့် ဒီအမျိုးသမီးကို ဆူရာမုန်းလိုက်တာ။ စိတ်ရှိတိုင်းဆိုလျှင် လည်ပင်းထညစ်မိတော့မည်။

"မဟုတ်ဘူး၊ ရှင်မရှိတဲ့အရပ်မို့လားပဲ အရမ်းကို အေးချမ်းပြီး နေရတာစိတ်ချမ်းသာတယ်”

ရင်ထဲ၌ မီးတောင်ကြီးပေါက်ကွဲနေပြီမို့ အရွဲ့တိုက်ပြီး ဖြေလိုက်တာကို သူမကလည်း ကောင်းကောင်းသိပုံရကာ တခစ်ခစ်ရယ်သေးသည်။

ဘုရားရေ...အံ့သြလိုက်တာ၊ ဒီမိန်းမက ရယ်သံကအစ ဆွဲဆောင်မှု ရှိလွန်းလိုက်တာ၊ ဒီမိန်းမယုတ်က ဒီလောက်ထိ ပြည့်စုံနေသတဲ့လား။

အငြိုး/အၿငိဳးWhere stories live. Discover now