အပိုင်း ၁၈

1.6K 136 5
                                    


ခွဲစိတ်ခန်းရှေ့မှာ အသက်မဲ့စွာ ရပ်နေမိတာ နှစ်နာရီနီးပါးရှိနေပြီ။ မငိုပါဘဲ ပါးပြင်မှာ ဖြတ်တိုက်စီးဆင်းနေတဲ့ မျက်ရည်စီးကြောင်းက ရင်ထဲက အပူမီးကို မငြိမ်းသတ်နိုင်။

”ဆိုအာ”

”ပါရဂူဆရာဝန်ကြီးတွေ ခွဲစိတ်ပေးနေတာပဲ၊ သူအဆင်ပြေမှာပါ၊ ခွဲစိတ်တာလဲပြီးလောက်မှာမဟုတ်သေးဘူး၊ ငါတို့ထမင်းသွားစားရအောင် ဗိုက်ဆာနေပြီမဟုတ်လား”

ခုံမှာ ထိုင်ကာ အတူစောင့်ပေးနေတဲ့ဂိုအာက စိတ်မသက်သာစွာပြောတော့ ဆိုအာသက်ပြင်းချလိုက်သည်။

”နင်ဆာနေရင် တစ်ခြားဒေါက်တာတွေနဲ့အတူသွားစားလိုက်ပါ၊ ငါတစ်ယောက်ထဲနေလို့ဖြစ်တယ်”

”ဒါဆိုငါသွားတော့မယ်၊ နင့်အတွက် မုန့်ဝယ်ခဲ့မယ်”

ဂိုအာက သက်ပြင်းတချချဖြင့် ထွက်သွားတော့ ဆိုအာမျက်လုံးတွေကို မှိတ်ထားမိသည်။

ကြောက်လွန်းလို့ တစ်ခုခုကိုအားကိုးတကြီး ဖမ်းဆုပ်ထားချင်မိတယ်။ ယုံကြည်ရာတစ်ခုခု။

ဆူရာရယ်။ နင့်နေရာမှာ ငါဖြစ်ခဲ့ရင်တောင် ငါအခုလောက်ထိ နာကျင်မှာမဟုတ်ဘူး။

~

သုံးလခန့်ကြာသော်။

မှောင်မည်းအုပ်ဆိုင်းနေတဲ့ပတ်ဝန်းကျင်နဲ့အတူ မိုးတွေက အားကောင်းစွာ ရွာနေသည်။ ပြင်းထန်စွာ တိုက်ခတ်လာတဲ့လေအဟုန်ကြောင့် အေးခနဲဖြစ်သွားရကာ ဆေးရုံပြတင်းပေါက်ကို အမြန်ပိတ်လိုက်သည်။

”ဂျိမ်း”

မိုးကြိုးပစ်ချသံကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ ဆေးစာအုပ်လေးက လွတ်ကျသွားသည်။ အပြင်မှာ မိုးတွေရွာနေသလို ကျွန်မရင်ထဲမှာလဲ ငိုနေသည်။ အပြင်မှာ မိုးကြိုးတွေ အဆက်မပြတ်ပစ်ခတ်နေသလို ကျွန်မရင်ထဲမှာလည်း ဗြောင်းဆန်နေသည်။

ပိုကောင်းတဲ့ ကုသနည်းတွေ့လိုတွေ့ငြား တစ်ခန်းလုံးပြည့်နေတဲ့ ဆေးကုသနည်းစာအုပ်တွေကို နေ့စဉ်ရက်ဆက်ဖတ်နေတာ အခုလက်ထဲမှ လွတ်ကျသွားတဲ့စာအုပ်က နောက်ဆုံးစာအုပ်။

အငြိုး/အၿငိဳးحيث تعيش القصص. اكتشف الآن