အပိုင်း ၆

1.7K 144 1
                                    

"နောက်ဆုံးတော့ အဖေ့ကို လာတွေ့ပြီပေါ့''

ဆူရာ့ကို မြင်သည်နှင့် စောင့်ကြိုပြောလိုက်သည့် အဖေ့စကားက အတော်လေး စိတ်မကောင်းဖြစ်စေသည်။ ဇရာအပြင် ကျန်းမာရေးကြောင့် အတော်လေး ရှုံ့တွနေပြီဖြစ်သည့် အဖေ့အသားအရေမြင်တော့ ဒီအတောအတွင်း အဖေ့ကို ဂရုမစိုက်ခဲ့တာတွေ စကားနားမထောင်ခဲ့တာတွေမြင်ယောင်လာသည်။

"အဖေ”

ကုတင်ဘေးရှိ ခုံ၌ ဝင်ထိုင်လိုက်ပြီး အဖေ့လက်ကို ဖွဖွလေးဆုပ်ကိုင်မိတော့ အဖေက တောက်တောက်ပပလေး ပြုံးပြသည်။

"ပင်ပန်းနေမှာပဲ၊ အခက်အခဲတွေအများကြီးရင်ဆိုင်နေရတာ၊ အဖေ့သမီးလေးတကယ်လူကြီးဖြစ်နေပြီ'

ဘာကြောင့်မှန်းမသိ၊၊ ရင်ထဲ၌ လှိုက်ခနဲနေအောင် ဝမ်းနည်းလာမိသည်။ သေသေချာချာ ဆုံးဖြတ်ထားပြီးပြီဖြစ်သည့် ကိစ္စတစ်ခုကို အဖေ့ကို ပြောရမည်။ ဒါမှ အဖေမြန်မြန်နေကောင်းမည်မို့။ အဖေနေကောင်းလျှင် အဖေဖြစ်စေချင်သည့် သမီးအလိမ္မာလေးဖြစ်အောင် နေပြပြီး အဖေ့ကို စိတ်ချမ်းသာအောင် ထားတော့မည်။

"သမီး အဖေ့ကို ပြောစရာရှိတယ်”

အရောင်ဖျော့နေပြီဖြစ်သည့် အဖေ့မျက်လုံးလေးတွေက ဆူရာ့စကားကြောင့် အရောင်လေးတွေ လက်လာသလို၊၊

"ပြောလေသမီးလေး”

"ဆူရာ သူဌေးချာနဲ့ကိစ္စ လက်ခံပါတယ်၊ အနည်းဆုံး တစ်ခါလောက်လေးဖြစ်ဖြစ် အဖေ့စကားနားထောင်မလားလို့”

ဆူရာ့စကားကြောင့် အဖေက အံ့သြပြီး မယုံနိုင်ဖြစ်နေသည်။

"သမီးလေးရယ်၊ အဖေနားကြားမှားတာလား၊ နောက်တစ်ခါ ထပ်ပြောပါအုံး”

"ဆူရာ အဖေ့စကားအတိုင်း သူဌေးချာနဲ့ လက်ထပ်ပါ့မယ်”

ဆူရာ ပြုံးပြီးပြောလိုက်တော့ အဖေက တဟားဟား ရယ်တော့သည်။ အမြဲဆိုးသွမ်းနေမိသောကြောင့် ထင်ပါသည်။ သမီးလိမ္မာလေးလုပ်ရသည်မှာ ကိုယ်နှင့် မလိုက်ဖက်သလိုခံစားရပြီး နည်းနည်းရှက်ဖို့ရန် ကောင်းသေး၏။

"တရားစွဲခံထားရတဲ့ကိစ္စ စိတ်မပူပါနဲ့၊ အဖေ ဝန်ကြီးချုပ်နဲ့ တွေ့ပြီးပါပြီ၊ သူတို့ဘက်က အမှုပိတ်လိုက်မှာမို့ ဒီကိစ္စကို ခေါင်းထဲက ထုတ်လိုက်တော့”

အငြိုး/အၿငိဳးWhere stories live. Discover now