"ဦးလေးကြီး ဒီပုံထဲက မိန်းကလေးကိုတွေ့မိသေးလားရှင့်''
”မတွေ့မိဘူး”
ဆိုးလ်မြို့ရဲ့နေရာအနှံ့မှာ လိုက်လံစုံစမ်းပေမယ့် ဘယ်သူမှမသိတာကြောင့် ဆိုအာရင်ထဲမှာ စိုးရိမ်စိတ်တို့အတိုင်းအဆမဲ့ မြင့်တက်နေသည်။ ဓာတ်ပုံလေးကိုကိုင်ပြီး လမ်းဘေးက ပလပ်ဖောင်းပေါ် ထိုင်ချလိုက်ကာ မျက်ရည်တွေကျလာသည်။ ဓာတ်ပုံကို ငေးကြည့်နေမိသည်။
အစ်မမိုင်ထောင်မှ လွတ်လာပြီဟု သတင်းမှာ တွေ့မှ သိရတဲ့ကိုယ့်အဖြစ်။ အစ်မမီဂျီကလည်း သူ့လူတွေကို တစ်မြို့လုံးအနှံ့ရှာခိုင်းထားကာ အစ်ကိုဂျောင်ဟွန်းကလည်း ရဲစခန်း၌ လူပျောက်တိုင်ပေးထားသည်။ သတင်းစာထဲ၌ လူပျောက်ကြော်ညာထည့်ဖို့ကတော့ Jung Group၏ပုံရိပ်ကို ထိခိုက်စေနိုင်၍ အစ်မမိုင်နာအတွက်လည်း မကောင်းတော့ ဆိုအာအတော်စဉ်းစားရသည်။
"ဒီရက်တွေမှာ အစ်မဘယ်တွေရောက်ပြီး ဘာတွေလုပ်နေမလဲ၊ ဆိုအာစိတ်ပူလိုက်တာ''
ထိုင်နေရန် အချိန်မရှိတာကြောင့် ဆိုအာထရပ်လိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ကားဆီကို အပြေးသွားကာ တစ်ခြားနေရာသွားရှာဖို့ ထွက်လာခဲ့သည်။ အစ်မမိုင်သွားမည်ထင်တဲ့နေရာတိုင်း လျှောက်သွားနေမိကာ နောက်ဆုံးတော့ အရင်နေခဲ့တဲ့ရပ်ကွက်ကို မထင်မှတ်ဘဲရောက်လာခဲ့သည်။
ရပ်ကွက်ထဲထိကားဝင်လို့မရတာကြောင့် ဆိုအာ ကားကို လမ်းထိပ်၌ ရပ်ထားခဲ့ကာ လမ်းကျဉ်းထဲကို လမ်းလျှောက်ဝင်လာသည်။ ဆိုအာတို့အိမ်ရှေ့ကိုရောက်တော့ အိမ်လေးကို လွမ်းမောဖွယ်ကြည့်မိသည်။
"ဝုတ် ဝုတ်''
ဆိုအာတို့အိမ်ထဲကနေပြေးထွက်လာတဲ့ ခွေးလေးတစ်ကောင်က ဆိုအာ့ကို မြင်တာနဲ့ အပြေးထွက်လာဟောင်တော့ ဆိုအာလန့်သွားသည်။ ဆိုအာ့ကို ရန်မမူဘဲ ခြေထောက်ကို လာပွတ်သတ်နေတော့ အနက်ရောင်စုတ်ဖွားခွေးကို ကောက်ချီလိုက်သည်။
"နင်က ငါတို့အိမ်ကို စောင့်ပေးနေတာလား”
ဆိုအာ အိတ်ကပ်ထဲမှ ဓာတ်ပုံယူထုတ်လိုက်သည်။
![](https://img.wattpad.com/cover/331028705-288-k232372.jpg)
YOU ARE READING
အငြိုး/အၿငိဳး