အပိုင်း 1(unicode)

5.1K 172 5
                                    

အမှောင်ထုထဲမှာ ရပ်တည်နိုင်ဖို့မီးအရောင်အလိုရှိတယ်။
ကျွန်တော်က ဖိယောင်းတိုင်ကိုယူပြီး မီးညှိလိုက်တယ်။
ဖိယောင်းတိုင်ပေါ်က ဖိယောင်းစက်ကပူမှန်းကျွန်တော်သိတယ်။သို့ပေမဲ့ ထိုပူ‌လောင်မူလောက်ကတော့ ကျွန်တော်ရင်ထဲကနာကျင်မူတစ်ခုထက်မပူပြင်းပါဘူး။ ကျွန်တော်ဖိယောင်းတိုင်မီးကိုကိုင်ကာ ဘေးပတ်ပတ်လည်မဲမှောင်နေသောနေ‌ရာများအား
ထိုဖိယောင်းတိုင်းမီးအလင်းနဲ့ ထိုမှောင်မဲနေခြင်းမှလွတ်မြောက်ရန် ထွက်ပေါက်လိုက်ရှာနေမိတယ်။ ကျွန်တော်တွေ့လိုက်မိတာက အကျီအမဲနဲ ဘောင်းဘီအမဲကိုဝတ်ဆင်ထားတယ်။ ထိုလူက ကျွန်တော်ရှေ့တည့်တည့်ကိုဦးတည်ပြီးလျှောက်လှမ်းလာနေတယ်။အနီးနားရောက်တော့ ထိုလူကပျောက်သွားတယ်။ ကျွန်တော်လဲ လက်မှာကိုင်ထားတဲ့ဖိယောင်တိုင်မီးနဲ့ပတ်ပတ်လည်လှည့်ရှာကြည့်ရတာပေါ့
"ဘယ်သူလဲ ....ဟမ်..."

"ဘယ်သူ...."

ကျွန်တော်အလင်းရောင်တစ်ခုကိုဆူးရှရှတွေမြင်လိုက်ရသည်။အော် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်မှ ပြတင်းပေါက်လိုက်ကာကို နွယ်နွယ်က လာဖွင့်သွားပဲ။ နွယ်နွယ်ဆိုတာက ကျွန်တော်ညီမဝမ်းကွဲပါ။ အစောကကျွန်တော်အိပ်မက်မက်နေတာက ကျွန်တော်အတွက်ရိုးလွန်းနေပါပြီ။ခဏခဏမက်နေလွန်းအားကြီးလို့ပါ။

"နွယ်နွယ်ရေ သမီးရေ"
ကျစ်သူများအိမ်ရှေ့အော်ကြီးဟစ်ကျယ်အော်ခေါ်နေပြန်ပြီ။တစ်နေ့တစ်နေ့ မေမေ့မိတ်ဆွေတွေဆိုသည်မှာ အားနေကြတယ်ထင်တယ်
နည်းနည်းလေးမှကို ယဉ်ကျေးမူကိုမရှိ ခေါ်ရင်ရဲ့
ဒေါ်ဇာနွယ်ချိုလိုအော်ခေါ်ပါလား ဘယ့်နှယ် ငါ့နာမည်ပဲအော်ခေါ်နေရတာ စိတ်တေလဲညိုတယ်....

စိတ်တိုတိုနဲ့ပင် ခြံရှေ့သို့ရောက်သွား၏

"ပြောအန်တီ အမေမရှိဘူး အဖေလဲမရှိဘူး နွယ်နွယ်နဲ့ ကိုချည်ပဲရှိတယ် ဆိုတော့အန်တီပြန်လို့ရပီ"

"ဟတ်ကလေး ဧည့်သည်ကိုအခုလို့ပြန်မောင်းထုတ်စရာလား ယဉ်ကျေးမှုကိုမရှိဘူးအေ့"

"ရှင့် ယဉ်ကျေးမှုမရှိတာ အန်တီလေ စောစောစီးစီးသူများအိမ်ရှေ့လာပြီးတော့အန်တီကအော်ကြီးဟစ်ကျယ်အော်ခေါ်နေတာလေ
အချိန်လဲကြည့်ပါအုံး "

Che∆ {Complete}Where stories live. Discover now