အပိုင်း 12(Uni+Z)

700 36 1
                                    

Unicode

အချိန်အားဖြင့်အတော်လေးကို လင့်နေပြီဖြစ်သည်။
ချည်ထင် ကွပ်ပျစ်ပေါ်မှ လည်ပင်းက သစ်ကုလားအုပ်ပင်ဖြစ်တော့မည်။ ဝိုင်းအပေါက်ဝကို ဦးရီးပြန်လာမလာကို စောင့်မျှော်နေရသည်မှာအမော။
သဣကတော့ ကွပ်ပျစ်ရဲ့ တိုင်တစ်ခုကိုကျောမှီ၍ မှေးနေသည်။
သဣ၏မျက်လုံးတည်ဆောက်ပုံက သိပ်ကိုလှပသည်ထက်
ဆူးရှုမှုရှိသည်။ မျက်စိကမှိတ်နေတော့ မမြင်ရတော့ပေါ့ နော်။

"ဒီမယ် သဣ....သဣ...."ချည်ထင် သဣ၏လက်မောင်းကိုထိတွန်းလျက် ခေါ်ပြောသည်။
သဣကရုတ်တရပ်မျက်စိဖွင့်လာကာ ချည်ထင်ကို ကြည့်၍

"ဘာဖြစ်တာလဲ ခြင်ကိုက်လို့လား"

"ကျုပ်အိမ်ပြန်ချင်ပြီ ဦးရီး ကျုပ်ကိုမေ့ပြီး‌အိမ်ရောက်နေပြီထင်တယ်"

သဣကခေါင်းခါလျက်ပင် ချည်ထင်၏ ဆံပင်လေးကိုဖွကာပြောသည်။
"မင်းဦးရီး မင်းကိုမေ့ဖို့ရာအကြောင်းမရှိပါဘူး စိတ်အေးအေးထားပြီးသာ ထိုင်စောင့် ကျုပ်အဖေလဲ မလာသေးလေ"

"ဒါမဲ့ ကျုပ် အိမ်ပြန်ချင်တယ် ဒီမှာမနေချင်ဘူး"
ချည်ထင် အိမ်ကိုပြန်ချင်တာကအမှန်ပါ။ သူသဣဆီတွင်နေရသည်မှာ အလွန်အထီးကျန်စရာကောင်းလှသည်။
ပြီးတော့ ကိုယ့်ရွာလဲမဟုတ်။သူစိမ်းရွာဆိုတော့ ချည်ထင်အဖို့အနေခက်သည်။

"ဒီမှာနေရတာ ဘာဖြစ်လို့လဲ ချည်ထင်ဘုန်း ကျုပ် မင်းစိတ်အနှောင့်ယှက်ဖြစ်အောင်လဲ မလုပ်မိပါဘူး"
ချည်ငိုတော့မည့်မျက်နှာပင် ဝိုင်းစက်နေသောမျက်ဝန်းထဲသို့
မျက်ရည်ကြည်စများက မသိမသာပေါ်ထွက်နေသည်ကို
သဣ သတိထားမိပါသည်။ သို့ပေမဲ့ သဣ ချည်ထင်ကိုမည်သို့ချော့ရမည်ကိုမသိချေ။

"ခများက ဘာမှမလုပ်ပါဘူး ကျုပ် ဒီမှာမနေချင်ဘူး အိမ်ပြန်ပို့ပေးပါ"ချည်ထင် အတတ်နိုင်ဆုံးမျက်ရည်မကျဘဲ
ထိန်းထားလျက်သဣကိာအတင်းတောင်းဆိုသည်။

"ကောင်းပါပြီ ကျုပ်....."သဣစကားမဆုံး

"လူသေအလောင်းတဲ့ဝေ့ ကမ်းစပ်ကတဲ့ "
ရွာသားအချို့၏အသံက အုပ်အုပ်ညံညံကြားလာရသည်။
ချည်ထင် ရုတ်တရပ်ထိုသံကိုကြားတော့ လန့်သွားလျက်
သဣကိုကြည့်လိုက်သည်။

Che∆ {Complete}Where stories live. Discover now