အပိုင်း 16 (Uni+Z)

540 30 1
                                    

Unicode

ရာသီဥတုမတည်မငြိမ်နဲ့။မနေ့အေးတယ်။ ဟော ဒီနေ့ကျပြန်တော့ပူနေပြန်ပါပေရော။ ရာသီဥတုတွေလဲဖောက်ပြန်ပြောင်းလဲမှုတွေ မကြာခဏဖြစ်ပျက်လို့နေသည်ပင်။

နုဿမြစ်ကမ်းက ဘုရား ဌာပနာပျောက်ဆုံးမှုနဲ့ပတ်သက်လို့
အရာရှိများနဲ့ သက်ဆိုင်သူများက စစ်ဆေးနေကြသည်။
ထိုဘုရားအနီးနားတွင် လူအများ အုံအုံကြွကြွဖြစ်နေသည်။
ဌာပနာပျောက်ဆုံးသည်ထက် အလောင်းတစ်လောင်းပါတွေ့ရလို့
ရွာသူရွာသားများ ဘုန်းဘုန်းများကပါအတူတကွ လန့်နေကြ၏။

*ဟယ် ဘယ်သူကများ ဒီလိုလုပ်ရက်ကိုလုပ်ကြတာလဲ *
*အေးလေတော့ ဘယ်လောက်တောင်ငရဲရလိုက်မလဲ *
*ကျုပ်တော့အေ့ ကြောက်ပါဘီ့*
*လူတွေလူတွေ လောဘတွေက ကြောက်ဖို့ကောင်းလိုက်တာကွယ်*
*အလောင်းပါတွေ့တယ်ဆိုတော့ လူတွေပါသတ်နေကြပါသရောလား*

အနားတစ်ဝိုက်က လူအများ၏ ပြောဆို ညဉ်းတွားသံများက ထိုကဲ့သို့ပင်။ အရာရှိကြီးဖြစ်တဲ့ နိုင်ငံခြားပြန် စန်မြူဆယ်(လ်)က
ထိုလူအနားတစ်ဝိုက်ကို လိုက်လံ လေ့လာပြီး အထူးအဆန်း
သံသယဖြစ်စရာလူမတွေ့။ စန်မြူဆယ်(လ်)ဟာ အရာရှိတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ခရစ်မြူရယ်(လ်)နဲ့အတူတကွ
ရဲဌာနတွင် အတူတာဝန်ထမ်းဆောင်လျက်ရှိသည်။
ညီမဖြစ်သူ ခရစ်မြူရယ်(လ်)
ဘေးနားသို့ လျှောက်လှမ်းလာ၍....

"ဘယ်မလဲ ကိုယ် မတွေ့မိသပါ့ မြူ "ခရစ်မြူရယ်(လ်)၏
နားနားအား တိုးတိုးးလေးပင် ကပ်၍ပြောသည်။

"မြူလဲ သံသယဖြစ်သူမတွေ့မိ အစ်ကို မြူတို့အနီးအနားရွာတွေ လိုက်စုံစမ်းကြည့်ကြ‌တာပေါ့"

စန်မြူဆယ်(လ်) ခေါင်းတစ်ချက်ငြိမိ့ပြလိုက်ပြီး။
လှေပေါ်သို့ ညီမဖြစ်သူမြူနဲ့အတူတကွ နုဿမြစ်မှ ပြန်ထွက်ခွာလာရာ လမ်း‌၌ ကုန်းနောင်ရွာကို ဝင်၍ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ကြသည်။

"အမြန်လုပ် ချည်ထင်ဘုန်း ဈေးနောက်ကျတော့မှာပဲ "
သဣတစ်ယောက် ချည်ထင်အား အိမ်အထဲကို လှမ်းကြည့်၍ ဝိုင်းပေါက်ဝ၌ ရပ်၍ အော်ပြောနေသည်။

ချည်ထင်က ခြင်းတောင်းကို အမြန်ဆွဲ၍ ပိုက်ဆံအိတ်ကို ကိုင်လာကာ သဣကိုကြည့်၍
"လာပါပြီ ဘာလို့ အဲ့လောက်တောင်လောနေရတာလဲ "

Che∆ {Complete}Where stories live. Discover now