အပိုင်း 5(Unicode)

989 48 1
                                    

"မင်းကတော့ ဘာရယ်မဟုတ်ဘူး ချိန်းလိုက်တာ ငါ့မှာတော့ မင်းချိန်းတယ်ဆိုလိုပျော်ရွှင်ခဲ့တာတွေ အတွေးတွေနဲ့စိတ်ကူးယဉ်လိုက်ရတာ မင်းကအခုလိုပြန်ဖျက်မယ်ဆိုတာကိုဘယ်သူကမျှော်လင့်မိမှာလဲ"

၂ပတ်ကြာပြီးနောက်.....

ချည် ခြံအတွင်း ပန်းပင်များကိုရေလောင်း‌လျက်ပင်ရှိနေသည်။
ချည်ရိပ်မိ‌သည်။ ခြံရှေ့တွင် နွယ်သူငယ်ချင်း ရာရာမိုးက ရစ်သီ
ရစ်သီလုပ်နေသည်ကိုပင်။သို့သော် ချည် မသိချင်ယောင်ဆောင်နေ၏။ အချိန်အားဖြင့်လဲ ၄နာရီရှိနေပြီ မကြာခင် နွယ်နွယ် သင်တန်းက ပြန်လာတော့မည်ဖြစ်သည်။ ချည်လဲ ရေပိုက်ကိုပိတ်လိုက်ကာ ရာရာမိုးအားခြံရှေ့အမြင်မတော်သည်နဲ့ ထွက်တွေ့သည်။
ရာရာမိုးကြည့်ရတာ ပြုံးပျော်သွားသလိုပုံပေါ်သည်။

"မရာရာမိုး ဘာကိစွရှိလို့ပါလဲ နွယ်ကအိမ်မှာမရှိဘူး"
‌ချည်အသံချိုချိုလေးဖြင့်သာ စကားဆိုသည်။

"ရာသိပါတယ် ရာရာကို ချည်တကယ်မမှတ်မိဘူးလား ချည်က
ဦးးချည်ထင်ဘုန်းရဲ့ သားနေချည်သန့်မလား..."
ထိုသို့ပြောလာသော ရာရာကိုချည်နားမလည်နိုင်မျက်လုံးဖြင့်ကြည့်သည်။

"ရာရာ့ကိုတကယ့်မမှတ်မိလဲ...."ရာရာစကားပင်မဆုံးချည်ဘက်မှအလျှင်အမြန်စကားဖြတ်ပြောသည်။

"အမရာရာ.....သိပီ ငယ်ငယ်ကစုံထောက်လုပ်တိုင်းတူတူဆော့နေကျပဲလေ ဟုတယ် အမရာရာမိုး....ပျော်လိုက်တာ ချည်မှတ်မိပြီ....."ဝမ်းသာသောမျက်ဝန်းဖြင့်သာ

"ချည် အမကိုမှတ်မိလို့အမဝမ်းသာပါတယ် အမတို့သိတယ်ဆိုတာ နွယ်ကိုလှိုဝှက်ထားပေးနော်ချည်....."

"ဟုကဲ့ပါ အမ ဒါနဲ့အမကဘာတွေလုပ်နေတာလဲ ငယ်ငယ်က စိတ်ဝင်စားတဲ့စုံထောက်ရော ဖြစ်နေပြီလား"

ချည်နဲ့ရာရာမိုးတို့ ခြံအတွင်းခုံလေးတစ်ခုံ၌တူတူထိုင်၍ စကားဆက်မိကြသည်။
"အင်းဆိုပါတော့ချည်ရယ် အခုတစ်ခေါက်အမူက အရမ်းအရေးကြီးတယ် ချည် ပြီးတော့ ဒီအမူက .....!"ရာရာမိုး ဆက်မပြောပဲ ၅စဣန့်မျှတိတ်ဆိတ်၍ မျက်နှာကငြိုးနေသည်။

Che∆ {Complete}Where stories live. Discover now