အပိုင်း 11(Uni+Z)

628 35 1
                                    


Unicode

ရက်အနေနဲ့ လေးပတ်ငါးပတ်လောက်ကြာခဲ့ပြီဖြစ်သည်။
သဣနဲ့ ချည်ထင်တို့မတွေ့ဆုံတာလဲ အတော်ကြာပြီ။
ဈေးထဲတွင်တွေ့ခဲ့ရသည်ကနောက်‌ဆုံးနေ့ပင်။ခုထိတိုင် ချည်ထင်နဲ့သဣထပ်မဆုံကြချေ။
ချည်ထင် မီးဖိုချောင်ထဲတွင် မီးဖိုကို မြက်ယပ်တောင်ဖြင့် အသာခက်၍ တွေးတောလျက်ပင်။အတွေး ကမ္ဘာထဲနစ်မျောနေသည်။

ဘယ်ကိုများရောက်နေသလဲ ကိုတော်သဣ ကျုပ်တို့မတွေ့တာ ဈေးထဲမှ ရန်ဖြစ်ပြီးတဲ့နေ့ကတည်းက နောက်န့တွေ ခုထိပဲ မတွေ့ရတာ။
ကျုပ်နဲ့ရန်ဖြစ်ရတာမေ့သွားသလားဗျာ.....။
ကျုပ်က မျှော်နေမိတယ်ဆိုတာ ကျုပ်ဝန်ခံပါတယ်.....

ချည်ထင်ကရှေ့က ဟင်းအိုးကိုစိတ်ကူးထဲသိပ်မထည့်။
တူးနံကထွက်နေသည်ကို ဦးရီးကရတော့ ချည်ထင်ကိုလှမ်း အော်
၍ပြောသည်။ချည်ထင်က မြက်ယပ်တောင်ကြီးကိုင်လို့ တွေးနေဆဲပင်။
ဦးရီးက ချည်ထင်ကို‌လှမ်းပြောတော့
ချည်ထင်ဆီက ဘာသံမှမကြား။
ထိုကြောင့် မီးဖိုခန်းထိလာကာ ချည်ထင်ခေါင်းခေါက်လိုက်ကာမှ
ချည်ထင်အလန့်တကြားထအော်သည်။

"အင့်...သေပါပြီ...ဦရီးကျုပ်ကိုဘာကြောင့်ခေါက်ရတာလဲလို့ နာလိုက်တာ"ချည်ထင် ဆူပုတ်ပုတ်နဲ့ပြောတော့ ဦးရီးက မီးဖိုပေါ်က ဟင်းအိုးကိုမျက်စပစ်လိုက်သည်။
ထိုအခါမှ ချည်ထင် ရှက်ဖြာဖြာနဲ့ အိုးကို လက်နီးစုပ်ဖြင့်မကာ
အောက်သို့ချလိုက်သည်။

"ပူလိုက်တာ....ကျွစ်..ကျွစ်..."ချည်ထင်က ဦးရီးကိုကြည့်၍ ပြောင်စပ်စပ်ပြုံးပြလာတယ်။
ဦးရီးက ခေါင်းကိုထပ်ခေါက်၍

"အတွေးတွေဘယ်များရောက်နေတာတုန်းကွဲ့ ဟင်းအိုးပါတူးရလောက်ထိ"

"ဟို....ကျုပ်မတွေးပါဘူး ထိုင်နေတာ ဒီတိုင်း"

"ဦးရီးကိုလာလိမ်နေတယ်ပေါ့ ချည်ထင် "

ချည်ထင်ခေါင်းကုတ်‌၍ ဟီးဆိုကာ ပြုံးရယ်ပြတယ်။
"ကဲကဲ အဲ့တာတွေသေချာရှင်း ပြီးရင် ဦးရီးနဲ့ ‌ကုန်နောင်ရွာဘက်ခနလိုက်ခဲ့လှည့် "

ကုန်းနောင်ရွာဆိုတော့ ချည်ထင်မျက်နှာက ချက်ချင်းကိုရွှင်လန်းသွား၏ ချည်ထင် ခေါင်းကိုဆပ်ခနဲ ငြိမ့်လိုက်လျက်။
ဟင်းအိုးအတူးကိုသေချာ ဆေးကြောရန်ပြင်ဆင်သည်။

Che∆ {Complete}Where stories live. Discover now