အပိုင်း 13 (Uni+Z)

611 36 0
                                    

Unicode

သေဆုံးပြီးနှစ်ရက်အကြာ

"ချည်ထင်ဘုန်း ....! မင်း ကျုပ်အိမ်မှာ‌နေဖို့ကျုပ်လာခေါ်ရခြင်းဖြစ်တယ် ဒါကြောင့် လိုအပ်သည် ပစွည်းတွေကို သိမ်းဆည်းထားပါ ကျုပ် ဈေးအပြန်ဝင်ခေါ်မယ်...."

ချည်ထင် ရွာထိပ်က ဦးရီးအသုဘမှာ ငွေဖြိုးနဲ့အတူတကွ ကြွရောက် လာရောက်သူများအား ဧည့်ခံရင်း သဣက ရောက်ချလာကာ ထိုကဲ့သို့ခက်ပြတ်ပြတ်ပြော၍ ထွက်သွားခြင်းဖြစ်သည်။

ငွေဖြိုးက သဣ၏အပြောကြောင့် ချည်ထင်ကို အသေအချာမေးကြည့်သည်။
"ချည်ထင် တကယ်ပဲ သူဌေးလေးအိမ်လိုက်နေမလို့လား...."

"အင်း ကျုပ်မှာ ဂရုစိုက်ဖို့ရာ ဦးရီးမရှိတော့ဘူး ကျုပ်သဣအဖေကို ကျုပ်အဖေတစ်ယောက်လိုဂရုတစိုက်ပြုစုပေးရမယ်.... ဦးသက်ရှိန်ကပြောတယ် ကျုပ်ကို...."

မနေ့က....

သဣအဖေဖြစ်သူ ဦးသက်ရှိန်ဟာ ချည်ထင် တို့၏ရွာသို့ လာရောက်ကာ ချည်ထင် အိမ်သို့လိုက်လာသည်။
ချည်ထင်က ဦးသက်ရှိန်ထိုကဲ့သို့ ရောက်ချလာမည်ကို ချည်ထင် မထင်ထား။ ဦးသက်ရှိန်ကိုတွေ့တာနဲ့ ချည်ထင်က တရိုတသေနဲ့ အိမ်ထဲကိုကြွဖို့ပြောသည်။
ဦးသက်ရှိန်က ချည်ထင်ကို မလိုဘူး ဆိုသည့်သဘောဖြင့် လက်ခါပြလျက်။

"ချည်ထင် မင်းဦးရီးအခုဖြစ်သွားတာ ဦးလဲ စိတ်မကောင်းဖြစ်မိပါတယ်..... မင်းဦးရီးနဲ့ ဦးနဲ့ ဒုခ တူတူ ကြုံခဲ့ရတာပါ လမ်းမှ ဓားပြတွေနဲ့တွေ့တော့ မင်းဦးရီးက ဦးအသက်ကိုကယ်ပေးရင်း အခုလိုအဖြစ်ဆိုးဖြစ်သွားတာပါ.....မင်းဦးရီးရဲ့ နောက်ဆုံး ဆန္ဒတစ်ခုကို မင်းလိုက်လျောပေးလိုက်သင့်ပါတယ်...."

ချည်ထင် မျက်ရည်များဝဲလာလျက် ဦးသက်ရှိန်ကိုကြည့်၍ .....
"ဘာများလဲ ကျုပ်သိပါရစေ...."

"မင်းကို ဦးတို့ကစောင့်ရှောက်ဖို့တာဝန်ရှိတယ် ဦးးတို့နဲ့လိုက်နေဖို့ပါ
မင်းကိုစောင့်ရှောက်ပေးဖို့ မှာထားခဲ့တယ် ဒါကြောင့် မင်းကို မဟာသဣရာဇ်က အိမ်မှာလာနေဖို့ခေါ်ရင် မင်းမငြင်းလိုက်ပါနဲ့
မင်းဦးရီးကို ကောင်းရမွန်ရာကနေ ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်ဆိုရင်ပေါ့ ...."

Che∆ {Complete}Where stories live. Discover now