အပိုင်း 10 (Uni+Z)

671 33 1
                                    

Unicode

ချည်ထင်တို့မနေ့ညကအတော်လေးပင်ပန်းခဲ့ကြသည်။
ဇာတ်ပွဲက ငွေဖြိုးနဲ့အတူပြီးသည်ထိတိုင်ကြည့်ပီးတော့ ရွာဘုန်းကြီးကျောင်းမှာ လုပ်စရာအလုပ်များကို ပြီးစီးအောင်လုပ်ကြရသည်။ ထိုအချိန်က မနက်၄နာရီနီးပါးရှိမည်။
ထိုအခါကဇာတ်ပွဲများကညလုံးပေါက်ပြကြသည်။
လာရောက်ကြည့်ရှုသူပရိတ်သတ်များစွာကလဲ စိတ်ကျေနပ်အားရလျက်အားကျိုးမာန်တက်ပင် ကြည့်ရှုကြသည်။

ချည်ထင် မနက်၅နာရီလောက်အိမ်ကိုပြန်လာခဲ့ပြီး အိမ်ရောက်ရောက်ခြင်းပင် အိပ်ချင်စိတ်ကထိန်းမရတာကြောင့် အိမ်ရောက်ရောက်ခြင်း အိပ်ယာခင်းထဲသို့တိုးဝှေ့အိပ်စက်လေသည်။
မနက်နိုးတော့ အချိန်ကအတော်လေးကိုလင့်နေပြီဖြစ်သည်။
အိမ်ရှေ့မှာ ချည်ထင် ဦးရီးက ယာထဲဆင်းဖို့ရာပြင်ဆင်နေသည်။
ချည်ထင် ရေမိုးချိုးကာ ပုဆိုး အနက်နဲ့အပြာစပ်ထားသည့် ကွက်ကြားလေးနဲ့ အပေါ်က အဖြူရောင် အကျီပေါ့ပေါ့ပါးပါးလေးသာဝတ်၍ ဦးရီးနားသို့ရောက်လာသည်။

"ဦးရီး ယာထဲဆင်းမလို့လား ကျုပ်ရော ကူညီပေးရပါ့မလား"

"မလိုပါဘူးသားချည်ထင် "ပြုံးပြုံးဖြင့်သာ ပြောလာသည်။

"ဟုကဲ့ အဲ့ဆို ကျုပ်ဈေးထဲမှာ ဦးရီးကြိုက်မဲ့ ဟင်းစားတွေအများကြီးသွားဝယ်ပြီး ချက်ထားမယ် " ချည်ထင်က ဟင်းချက်လဲတော်သပါ့။တူရီးနှစ်ယောက်ထဲဆိုတော့ အဆင်ပြေတာနဲ့စားသည်ကြောင့် ဖွယ်ဖွယ်ယာယာ ချက်မစားကြတာကြာပြီဖြစ်သည်။ ထိုနေ့မှ ထူးထူးဆန်းဆန်း ချည်ထင်က ဖွယ်ဖွယ်ယာယာ ချက်ကျွေးမည်သတဲ့။ဦးရီးကအံဩစွာ ချည်ထင်ကိုကြည့်လိုက်လျက်။

"ချည်ထင် ‌တူတော်လေး ဘာများပျော်စရာရှိသလဲ အထူးအဆန်းဖြစ်နေသတဲ့ကွယ့်"
ထိုအခါမှ ချည်ထင်ရှက်စပြုလာသည်ကို ဦးရီးကသတိထားမိသည်။

"ဟို...ဒီတိုင်းပါပဲ သွားလေ ဦး‌ရီးနောက်ကျနရောပေါ့နော့်"
အတင်းနှင်ထုတ်နေတော့ပါသည်။ချည်ထင်ကတော့။
ဦးရီးကပြုံးစိစိဖြင့် ‌ခေါင်းပေါင်းနဲ့လိုရာပစွည်းယူ၍ ထွက်သွားတော့သည်။

ချည်ထင် ဦးရီးကထွက်သွားတော့
ချည်ထင်တို့ဝိုင်း(ဝိုင်းဆိုတာက ခြံဝန်းကိုပြောချင်တာပါ)
ထဲ၏ အနောက်ဘက်ခြမ်းသို့ဝင်သွားသည်။
ထိုအခါက ဝိုင်းထဲမှ မီးဖိုခန်းကိုသက်သက် အိမ်ကိုသက်သက်ထားရှိကြသည်။ မီးဖိုခန်းထဲသို့ဝင်သွားကာ ကြက်စင်ပေါ်က ဈေးခြင်းးတောင်းကိုလှမ်းယူ၍ ဈေးသွားရင်ပြင်ဆန်နေသည်။
လေကအနည်းငယ်တိုက်ခက်နေတော့ ရာသီဥတုကလဲအနည်းငယ်အေးစပြုနေသည်။ ထိုကြောင့်ချည်ထင်ခြင်းတောင်းကိုင်၍ အိမ်ပေါ်သို့တက်ကာ အနွေးထည်ကိုသွား၍ဝတ်ဆင်သည်။
အဖြုရောင် အနွေးထည်ကိုဝတ်ဆင်လာသည်။
ပြီးလျှင် ‌အိမ်တံခါးကိုပတ်ကာ ဈေးသို့သွားရန် ‌သာစည်ချောင်းကလှေတစ်စီးငှားရပြန်သည်။
ဈေးဆိုသည်ကား တစုတစည်းတည်းဝယ်လို့ရလောက်သည့်
သာစည်ချောင်းကို ကူးဖြတ်သွားရသည်။
သဣတို့နေသည့် ကုန်းနောင်ရွာမဟုတ်။
ချည်ထင် လှေငှားနေစဉ် ‌မျက်စိက ဟိုကြည့်ဒီကြည့်နဲ့ပင်။

Che∆ {Complete}Where stories live. Discover now