အပိုင်း 18 (Uni+Z)

630 30 3
                                    

Unicode

ထိုနေ့ကမှစ၍ အမှန်းများနဲ့စတင် ဆက်ဆံလာသည့် သဣ၏ဆက်ဆံရေးက အရင်ကထက်ပိုပို ဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှ စ၍ ချည်ထင်ကိုယ်တိုင်လဲ အစအနရှာမတွေ့တော့ပေ။ ဘယ်ကိုထွက်ခွာသွားလည်းဆိုတာ မည်သူမျှမသိပေမဲ့။ သဣက သိနေခဲ့သည်။
သဣက ဉာဏ်ထက်ပါသည်။
ထိုကြောင့်ပင် သူအကြောင်းစုံကိုခန့်မှန်းရုံဖြင့်သာ
သူပြောသည့်အရာက အားလုံးနီးပါဖြစ်လာသည်။ မှန်တတ်သည်။ သဣထိုနေ့ပြဿနာဖြစ်ပြီး အောင်ခင်နဲ့ဖိုးစိန်ဆီမှ စုံစမ်းခိုင်းထားသည် ဆယ်(လ်)ရဲ့ လိပ်စာကို စုံးစမ်းရခဲ့သည်။ ထိုလိပ်စာအတိုင်း သဣကိုယ်တိုင်က ဆယ်(လ်)၏အိမ်သို့ လိုက်လံသွားရောက်၍ထိုကဲ့သို့တောင်ဆိုခဲ့သည်။

"ကိုယ်တကယ်အံဩမိတယ် သဣ မင်းလိုလူများက မာန်မာနကို ဘေးဖယ်ပြီး အခုလို ကိုယ့်ဆီ တောင်းဆိုလာမယ်လို့"

"ကျုပ်ကို စကားကျောရှည်မနေဘဲ ကျုပ်ပြောသလိုပဲ လုပ်ပေးလို့မရဘူးလား"

"ချည်ထင်ကို ဂရိုစိုက်ပြီး ကိုယ်အိမ်မှာခေါ်ထားဖို့ကိုလား"

သဣက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။

"ကိုယ့်အိမ်ခေါ်ထားတာက‌ထားပါတော့ ချည်ထင်ကနေအုံးမှလေ "

"သူ့အတွက်ကောင်းဖို့ဆို သူသေချာစဉ်းစားလိမ့်မယ် သူလက်မခံဘဲငြင်းနေလိမ့်မယ် ဒါပေမဲ့ မပူပါနဲ့ သူနောက်တစ်နေ့ မင်းကို ဆက်သွယ်လာလိမ့်မယ် အဲ့အခါ မင်းသူ့ကို သေချာဂရုတစ်စိုက်နဲ့ ခေါ်ထားပေးဖို့ တောင်းဆိုတယ် ကျုပ်အဖေကိစွကို ကျုပ် စေ့စပ်ပွဲပြီးမှ ဆက်ရှင်းကြရအောင်"

ဆယ်(လ်) မျက်ခုံးတဖက်ပင့်ပြီး
"ဘာလို့ ကိုယ့်အိမ်မှလဲ မင်း‌မစေ့စပ်ခင် မင်းအဖေကိစွကိုရှင်းလို့ရပါတယ် ပြီးရင် မင်းချည်ထင်ကို ပြန်.... "

ဆယ်(လ်)စကားပင်မဆုံး
သဣပြုံးနိုင်သလောက်ပြုံးရယ်လိုက်တယ်
"အဟက်.... ကျုပ် မင်းကိုရွေးရတာ မင်းက အရာရှိ‌ဖြစ်နေလို့   ပြီးတော့ ကျုပ်နဲ့ ချည်ထင်ဘယ်တော့မှ ချစ်ဖို့ဆိုတာ ဖြစ်လာစရာအကြောင်းမရှိတော့ဘူး ကျုပ်ကိုယ်တိုင်ကိုယ်ကျ အနစ်နာခံပေးတဲ့စေတနာကို သူကိုယ်တိုင်က ဝေဒနာအဖြစ်ပြောင်းလဲပစ်ခဲ့တယ် ဒါကြောင့် ကျုပ်ချစ်ပြီးသားလူကို နှစ်ခါချစ်ဖို့လဲမဖြစ်နိုင်ဘူး "

Che∆ {Complete}Where stories live. Discover now