အပိုင်း 17 (Uni+Z)

610 32 0
                                    

Unicode

∆ချည်∆

"မင်းတို့ကအဲ့မှာ ဘာလုပ်နေကြတာလဲ"
ရုတ်တရပ်ကြီး ကြားရသည့်အသံကြောင့် ဆယ်(လ်)နဲ့ ချည်ထင်ထင် မီးဖိုခန်းအပေါက်ဝကိုလှမ်းကြည့်လိုက်သည်။
ချည်ထင်က အားနားပါးနာနဲ့ ဆယ်(လ်)ကို
"ရပါတယ်"ဟူ၍ပြောပြီး မီးဖိုခန်းထဲက လိုအပ်သည်ကိုယူ၍ အပြင်သို့ထွက်ခွာလာသည်။

ကျန်ခဲ့သည် ဆယ်(လ်)နဲ့ သဣကတော့ နှစ်ယောက်တည်း အကြည့်ချင်းပြိုင်နေသလားမှတ်ရသည်ထိ အကြည်စိုက်နေကြသည်။ ‌‌ နောက်မှ ဆယ်(လ်)က သဣကိုအကြည့်မှ လွှဲ၍
ခက်တည်တည် မီးဖိုခန်းအပြင်ဘက်သို့ ထွက်ဖို့ ကြံသည်။

"နေအုံး မင်းနဲ့ ချည်ထင်ဘုန်းနဲ့ဘာလုပ်နေကြတာလဲ "

"အဲ့တာ ကိုယ့်ကိစွပါ မင်းဝင်ပါရလောက်တဲ့ကိစွမဟုတ်ဘူး"
ဆယ်(လ်)စကားကိုခက်ပြတ်ပြတ်ပဲပြောလိုက်သည်။
သဣက အနည်းငယ်စိတ်တိုလာသည်ကို ‌ဆယ်(လ်)လဲသိသည်။သို့ပေမဲ့ သူဂရုမစိုက်။

"အရာရာတိုင်းကို ဒေါသရှေ့ထားနေမယ်ဆို ချည်ထင်က မင်းကို ပြန်ပြီးသဘောကျမကျ ကိုယ်အာမ မခံဘူးနော် " ဆယ်(လ်)၏ နှုတ်ခမ်းဖျားမှ ထိုကဲ့သို့စကားတစ်ခွန်ကြောင့် သဣအတော်လေးစိတ်ကိုထိန်းမရဖြစ်သွားခဲ့သည်။ ထိုကြောင့် အရှေ့တွင် ရပ်နေသော အရပ်တူတူရှိသည့် ဆယ်(လ်)၏မျက်နှာကို လက်သီးကိုကျစ်ကျစ်ပါပါနဲ့ ဆွဲထိုးလိုက်သည်။

"အ့...." ဆယ်(လ်) အနည်းငယ် အသံထွက်မိတော့
အိမ်ရှေ့၌ ထိုင်နေသော မြူ အိဖြူ ချည်ထင်တို့က အလန့်တကြားပင် ရောက်လာကြသည်။။

"ဟင် သွေးတွေ အစ်ကို နှုတ်ခမ်းမှ သွေးထွက်သွားပြီ." မြူက ကမန်းကတန်းပြောလာတော့ ဆယ်(လ်) အပြုံးဖြင့်သာခေါင်း၍ ခွန်းတုံပြန်သည်။

"ခများ အိမ်ကိုလာတဲ့ ဧည့်သည်ကို ဘာကြောင့် ထိုးနှပ်ရတာလဲ ကျစ်.... အစ်ကိုဆယ်(လ်) လာလာ အိမ်ရှေ့ကို ကျုပ်ဆေး‌ထည့်ပေးပါမယ်" ချည်ထင် ဆယ်(လ်)အား အိမ်ရှေ့ကွပ်ပျစ်လေးဘက်သို့ပြန်ခေါ်သွားပြီး မြူပါအတူလိုက်လာသည်။

"မောင် ဘာကြောင့်များ ဆယ်(လ်)ကိုသွားထိုးရတာလဲ ဟိုကအရာရှိနော် မောင် ချည်ထင်နဲ့ သဝန်တိုတာလဲတိုပေါ့ အဲ့လောက်ထိကြီး လက်ပါစရာလိုလို့လား "
မောင်ဆိုသည့်အခေါ်အဝေါ်ဟာ ချစ်ကြိုက်သူမှခေါ်ရခြင်းမဟုတ်။
အိဖြူ သဣကို မောင်လေးတစ်ယောက်လိုသာခေါ်ဝေါ်ရခြင်းပင်။

Che∆ {Complete}Where stories live. Discover now