"လှပခြင်းသည် ဘုရားကပေးသည့် လက်ဆောင်တစ်ခုဆိုရင် ချည် မင်းကတကယ်ကို ကံကောင်းတဲ့ လူပဲ လှလိုက်တာ..."
ခြံဝန်းထဲက ပန်းခင်းများက အရောင်ကိုယ်စီနဲ့ဝင်းလဲ့ ဝေဆာနေလျက်ပင်။
"ကိုကိုလေး ကိုကိုလေးရေ..." ခြံထဲက အလန့်တစ်ကြားအော်ဟစ်သံနဲ့အတူ အိမ်ထဲ ဧည့်ခန်းထဲပြေးဝင်လာသော သဣရာဇ်ကို ချည် စိတ်ပူလွန်းသည်က အထွဋ်အထိပ်။
"ဟော ဟော ဘယ်လိုဖြစ်တာတုန်း နွယ် သဣရာဇ်ကိုဘာတွေသွားစပြန်တာလဲကွယ်..."
သဣရာဇ်ဘေးနားက နွယ်က ဆံပင်ကုပ်ထောက်လေးနဲ့ ဂါဝန်လေးဝတ်ဆင်ထားသည်က တကယ်ကိုအရင်ကနဲ့မတူပြောင်းလဲသွားသည်။ အတော်လေးလဲချစ်ဖို့ကောင်းလာပါသည်။"ကိုချည်ရယ် နွယ်က ကိုလေးကဘာမှမစပါဘူး ကိုချည်လူကသာ နွယ့်စိုက်ထားတဲ့ပန်းတွေလာလာခူးသွားတာ" မျက်နှာလေးမဲ့ရွဲ့ကာ စိတ်စိုးစိုးနဲ့ပြောလာသည့် နွယ်အား ချည်ခေါင်းခါပြီးရင်းခါမိ။
"သဣရာဇ် နွယ်စိုက်ထားတဲ့ပန်းတွေသွားမခူးရဘူးလေ နောက်တစ်ခါအခုလိုအသံထပ်ကြားရရင် မလွယ်ဘူးမှတ်"
ချည် စကားအဆုံးမှာ နွယ်က သဣရာဇ်ကို လျှာထုပ်မျက်နှာပြောင်ပြကာ အပြင်သို့ပြေးထွက်သွားသတဲ့လေ။ကျန်ခဲ့သည့် သဣရာဇ်ကတော့ မကျေမနပ်နဲ့ပင်။
သို့ပေမဲ့"ကိုကိုလေး.. ကိုကိုလေးရေ.."
ချည် ခါးကိုဖက်ကာ ချွဲပြနေသတဲ့လေ။
"ဟို ဘာလုပ်တာလဲ လွှတ်ပါ.."
"အစောက သဣရာဇ်လို့ခေါ်လိုက်တာ ဟောဒီ့မောင့်ရင်ဘက်ထဲကနှလုံးသားလေးက နာကျင်ရတယ်နော် ကိုကိုလေး"
ချည်က ခါးကသွယ်ဖက်ထားတဲ့ သဣရာဇ်လက်ကိုဖြုတ်လိုက်ပြီး"ချွဲမနေပါနဲ့ နွယ်ပန်းတွေသွားမခူးပါနဲ့နော် မောင်ရယ် " စကားချိုအေးလေးနဲ့ပြောလာမှ သဣရာဇ်ပြုံးပြကာ
ခေါင်းငြိမ့်ပြသည်။ပြီးလျှင် သဣရာဇ်က ချည် လက်ကို အသာလေးဆုပ်ကိုဆွဲလိုက်သည်။ လှေခါးထပ်သို့ဆွဲခေါ်လာရာ အခန်းထဲသို့ဝင်လာလိုက်သည်။
"ဒန့် ဒန့် ဒန်းးးးး...." အခန်းအတွင်း ပန်းများစွာနဲ့ပြည့်နက်လျက် ချည် ထိုကဲ့သို့မြင်ကွင်မျိုးကြောင့် အနည်းငယ်တော့ အံအားသင့်မိသည်။
လှပလိုက်သည့် ပန်းပွင့်ငယ်များ ပန်းပွင့်များဆီ ဖြည်းဖြည်းချင်းလျှောက်လာကာ ဖြူဖွေးစွပ်နေသော နှင်းဆီဖြူလေးကို ချည် နမ်းရှိုက်ကြည့်သည်။
YOU ARE READING
Che∆ {Complete}
Romanceအချစ်ဆိုတဲ့အရာရဲ့နိဂုံးအများစုက ပျော်ရွှင်ခြင်းနဲ့ ချုပ်ခဲ့ကြတယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးလေးရော ဘယ်လို ချူပ်ပါ့မလဲ ထင်သလိုပျော်ရွှင်ရပါ့မလား.....? မဟာသဣရာဇ်+ ချည်ထင်ဘုန်း သဣရာဇ်+နေချည်သန့်