အပိုင်း 7 (Unicode)

855 36 1
                                    

...ရာရာမိုး...ဆိုတာထောက်လှမ်းရေးထဲကအတော်ဆုံးပဲလေ
ကျွန်တော်ရဲ့သူငယ်ချင်းလို့ပြောရလောက်တဲ့ထိရင်းနှီးတယ်
ကျွန်တော်သိပါတယ်။ ရာရာမိုးကျွန်တော်ဆီ စချဉ်းကပ်ခဲ့တာ
အကြောင်းရင်းတစ်ခုကြောင့်ပါပဲဆိုတာ....။

"နှစ်တွေလဲကြာခဲ့ပြီသဣရာဇ် နင့်အဖေလုပ်ရက်ကမှားတယ်ဆိုတာ နင်လဲသိသိလို ဒီအမှုကိုသိတဲ့ လူတိုင်းနင့်အဖေ ဦးမဟာသဣမှားတယ်ဆိုတာပဲ ပြီးတော့ ဘာမဆိုင် နစ်နှာသူ ဦးချည်ထင်ဘုန်းထောင်ကျခဲ့တဲ့ကိစွ ငါဘယ်လောက်တောင် စိတ်မကောင်းဖြစ်ဝမ်းနည်းရလဲ နင်မသိလို့ ငါဒီအမှုလိုက်ရတဲ့ကိစွက ဦး‌ချည်ထင်ဘုန်းက ငါ့မိသားစုအပေါ်ရော ငါ့အပေါ်ပါများစွာကျေးဇူးရှိတယ်
ငါအမှန်တရားဖော်ထုတ်မှဖြစ်မယ် ပီးတော့ ဒါငါ့တာဝန်ပဲ သဣရာဇ် "ရာရာမိုးပြောသည်ကို သဣရာဇ် လုံးလုံးနားလည်သဘောပေါက်သည်။

"အင်း ဒါနင့်တာဝန် ငါလဲမပိတ်ပင်ပါဘူး ငါ့အဖေကရော ဘာကြောင့်များမုန်းတီးသလဲကွယ် အမှန်တရားဆိုတာ ငါအဖေမသိဘူး
သူသိတာ မာန်မာနထားဖို့လောက်ပဲသိတာ ငါကိုယ်တိုင်အဖေနဲ့ငါငယ်ငယ်တည်းကသေချာစကားမပြောခဲ့ဖူးဘူး ဒါနဲ့ငါ ချည်က ဦးချည်ထင်ရဲ့သားဆိုတာ ငါတကယ်မသိခဲ့ဘူး ငါသိနေလဲ ငါ..."သဣရာဇ်အနည်းငယ်တိတ်ဆိတ်သွားသည်။

"သဣရာဇ် နင့်ခံစားချက်ကိုမလိမ်ချင်စမ်းပါနဲ့...နင်သူ့အပေါ်ခံစားချက်ရှိနေတာ ငါမြင်ရပါတယ်"ထိုသိုပြောသော ရာရာမိုးမျက်နှာကို သဣရာဇ်ကြည့်၍

"အေး နင်မြင်နေရရင်ပြီးတာပဲ ဒါနဲ့ချည်က သူ့အဖေကိစွနဲ့ပတ်သတ်လို့သိထားပြီးပြီလား"

"ဟင့်အင်း သူအကြောင်းစုံမသိဘူး ချည်လေးကငယ်ငယ်တည်းက လိမ်မာတဲ့က‌ကလေးတစ်ယောက်ပါ ငါကအသက်ကြီး....ဟတ်နေပါအုံး နင်ကငါ့ထက်ငယ်တယ်လေ နင်နဲ့ငါနဲ့ပြောနေစရာလား...."ရာရာမိုးကပြုံးစိစိနဲ့ပင်။

"ထားလိုက်တော့ နင့်လဲငါ အမလို့မခေါ်ချင်ဘူး ကဲပါ ငါချည်နဲ့တွေ့ချင်လို့ ကူညီပေးပါလား ....."

"‌ဟမ် ..... ချည်ကတွေ့ဖို့လက်ခံချင်လက်ခံလိမ့်မယ် နွယ်ကသာ မလွှတ်မှာ နင်ဘာသိလို့ နွယ်က သူ့အကိုချည်နဲ့ငါနဲ့အတူရှိရင်တောင် သူအကြည့်က ဘီလူးမလိုပဲ"
သဣရာဇ်ကရယ်ကာ
"ဟတ် နင်ကလေးကိုနော် ....."

Che∆ {Complete}Where stories live. Discover now