အပိုင်း 3(Unicode)

1.3K 67 2
                                    

ကျွန်တော်ဘဝရဲ့အရေးပါအရာရောက်စေတဲ့ နေ့လေးက
သဣရာဇ်နဲ့တွေ့ရတဲ့နေ့လေးပဲ ။
*ချည်*တဲ့ ခေါ်လိုက်တိုင်း ကျွန်တော် ဟောဒီ့ရင်ဘက်ထဲကနှလုံးသားကို လှုံဆော်နေသလားပဲ။ မေမေကပြောဖူးတယ်
*သားချစ်တဲ့သူက ဘယ်လိုလူဖြစ်နေပါစေ အဆိုးကုန်ပြောရရင် ယောက်ကျားလေးဖစ်နေပါစေ သားဘဝကိုသားကိုယ်တိုင်
ရွေးချယ် လျှောက်လမ်းတဲ့ သားရဲ့လွတ်လပ်ခွင့်ကိုမေမေက ဝင်မစွတ်ဖက်ပါဘူးတဲ့ * အရာရာကိုနား‌လည်ပေးနိုင်တဲ့ မေမေကိုရရှိထားတာ ကံကောင်းတယ်ပြောရမလားပဲ။ ဖေဖေကတော့ အလုပ်နဲ့မအားတော့ မိသားစုဘက်ကိုအရေးမစိုက်နိုင်သေးပါဘူး။သို့ပေမဲ့
ဖေဖေက မေမေစကားဆိုပြီးတဲ့လူသားမျိူး မေမေကိုကြောက်တာမဟုတ်ဘူးနော် ချစ်တာ ။ချစ်လို့ပါတဲ့။
ကျွန်တော်ကိုမေမေနဲ့ဖေဖေက ချည်လို့ပေးရခြင်းကိုပြောပြပါအုံးမယ်။ ကျွန်တော့်ကိုမေမေဝမ်းနဲ့လွယ်နေချိန် မေမေက ဖေဖေ့အတွက် ချည်ထိုးပြီးသဘက်လုပ်နေလေရဲ့။
ထိုးနေရင်းမှာပါ သဘက်လဲပြီး ဗိုက်ကနာလာလေပါရော။
အဲ့မှာဆေးရုံရောက်တော့ ကျွန်တော့်ကို အစောကဖေဖေအတွက်ဆိုပြီးထိုးပေးထားတဲ့ချည်လေးကို ကျွန်တော်ကိုယ်ပေါ်ပတ်ပေးထားတယ်လေ။ အဲ့တာနဲ့မေမေက ချည်မျှင်လေးလိုနူးညံ့လိုက်တဲ့ငါ့သားလေးတဲ့ သားကို မေမေကချည်လို့ခေါ်မယ်လေသားလေးတဲ့
အမှန်တော့ နာမည်အရှည်က နေချည်သန့်ပေါ့ မေမေနဲ့ဖေဖေကချည် ချည်နဲ့ခေါ်ကြတော့အားလုံးကချည်လို့ခေါ်ကြလေရော
နာမည်အရင်းတောင်ပျောက်တယ်ဆိုပါတော့။

‌(နေချည်သန့်ပါ /နေခြည်သန့်မဟုတ်ရပါဘူးနော် မှားမှာဆိုးလို့ပါ)

"ကိုချည်....ကိုချည်....."နွယ်တစ်ယောက် အပြေးအလွှားနဲ့
ချည်ဆီသို့အော်ခေါ်၍လာနေသည်။

"နွယ်ရယ် ကိုယ်ချည့်ဖြင့်လန့်တောင်လန့်တယ် ဘာဖြစ်တာတုန်း"

"‌ခနလေး...မောလိုက်တာ"နွယ် ညာဘက်လက်ဖြင့် ရင်ဘက်ကိုဖိ၍သက်ပြင်းချလေသည်။

"မောမှာပေါ့ ပြေးလာပြီးအော်နေတာကို ကဲပြော"

"‌ကိုချည် ဒေါ်နီနီက ဘာတွေအနိုင်ကျင့်သွားသေးလဲ "

Che∆ {Complete}Where stories live. Discover now