အပိုင်း 6(Unicode)

907 39 0
                                    

နွယ်စိတ်တိုတိုဖစ်‌ နေသည်။သင်တန်းတက်ရတာ စိတ်မပါချေ။
သို့ပေမဲ့လဲ အကြိုးစား၍အာရုံစိုက်လျက်ရှိသည်။
၄နာရီနီးပါရောက်တော့ နွယ်သင်တန်းပြန်လွှတ်ချိန်ရောက်သည်။
ထိုသည်ကြောင့် နွယ်သင်တန်းမှအိမ်သို့သာတန်းတန်းမက်မက်ပြန်လာသည်။ ခြံအဝမှကြည့်တော့ နွယ်တွေ့ရသည်ကား ချည်နဲ့ရာရာကိုပင် အတူထိုင်၍ပြုံးပျော်စကားပြောနေကြသည်။
နွယ် မသိချင်ယောင်ဆောင်၍ အိမ်ထဲသာဝင်သွားသည်။
ခနအကြာ ချည် အိမ်ထဲဝင်လာတော့ နွယ်က ဧည့်ခန်းတွင်ထိုင်၍
မျက်နှာပင်မကောင်း။ဆူပုတ်နေသည်။

"နွယ် ဘယ်တုန်းကပြန်ရောက်တာတုန်း ကိုချည် နွယ်ဝင်လာတယ်မတွေ့မိပါဘူးနော်"နွယ်ကမျက်စောင်းထိုး၍....

"ဘယ်တွေ့မလဲ မရာရာနဲ့ ပျော်နေတာကိုပြုံးနေလိုက်တာများနော် နားရွက်ကိုပါးစပ်ကတပ်ချိတ်တော့မယ်...."

"ဪ နွယ်က ဒါကိုစိတ်ကောက်နေတာပေါ့ ကိုချည်ကလူမူရေးသဘောအရပါ..."

"လူမူရေးသဘော လူမှုရေးသဘောနဲ့ ကြာရင်ကိုချည်ကိုမလိမ့်တပတ်လုပ်သွားကြမယ် အရမ်းရိုး‌မနေနဲ့ကိုချည်...."

"ကိုချည်သိပါတယ် နွယ်ကိုချည်ကိုစိတ်ပူလိုပြောတာမှန်း ဒါမဲ့..."
ချည်စကားမဆုံးသေး ခြံရှေ့၌ကားဟွန်းတီးသံကိုအဆက်မပြတ်ကြားရသည်။

နွယ်ပိုမိုစိတ်တိုရသည်။
အလျင်အမြန်ထကာ ခြံရှေ့၌ ဟွန်းတီးနေသော ကားဆီသို့ထွက်တွေ့လိုက်သည်။ချည်လဲအတူပါလျက်ပင်။

ထိုကားကိုသေချာကြည့်မိတော့ တခြားမဟုတ် ဒေါ်နီနီတို့အိမ်မှကားပင် ....ကားထဲမှ ဒေါ်နီနီနဲ့သားဖြစ်သူ သဣရာဇ်တို့အတူတကွဆင်းလာကာ ဒေါ်နီနီကတော့မျက်နှာကပျက်နေသည်။

"ဒီမှာ သူများအိမ်ရှေ့ကို အော်ကြီးဟစ်ကျယ်အော်ခေါ်ရတာမကျေနပ်လို့ ကားဟွန်းကိုအဆက်မပြတ်တီးနေရတာလား လူမူရေးမရှိဘူးလား "နွယ်လေသံမာမာဖြင့်စိတ်တိုလျက်ပြောလိုက်သည်။

"နွယ်နွယ် ညဉ်းအလွန်ရိုင်းလွန်းပါ့လား "

"ဒီမယ်အန်တီ အန်တီတို့ ကိုချည်ကိုယ် ဘာရည်ရွယ်ချက်ကြောင့် ကပ်ဖားရပ်ဖားလုပ်နေတာလဲနွယ်မသိပေမဲ့ ‌ကိုချည်ကို ဒုခရောက်စေမယ်ဆိုရင်တော့ နွယ်ကဒီတိုင်းလက်ပိုက်ကြည့်မနေဘူး "ချည်ဘေးမှ နွယ်အား တစ်ဒေါင်တို့၍ တော်တော့နွယ် ဟုပြောမည့်မျက်နှာထားဖြင့် တားသည်။
"ဒါနဲ့ပြောပါ ဘာကိစွပါလဲ"နွယ်မှထပ်မံမေးလိုက်သည်။

Che∆ {Complete}Where stories live. Discover now