အပိုင်း 2 (Unicode)

2.1K 97 1
                                    

ဒီနေ့ညလေးကတော့ အရင်လိုပါဘဲ ဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးပေါ့။ဒါပေမဲ့ မနက်ဖြန်ဆိုတာလေးက ထူးခြားမူတစ်ခုရှိနေတာပေါ့။ အမေက နွယ်တို့အိမ်က ချည်နဲ့တွေ့ချင်တာကို ကျွန်တော်ကလိုက်ပို့ပေးရအုံးမယ်။ ကျွန်တော်ကိုယ်တိုင်လဲ ချည်ဆိုတဲ့နာမည်ကြားတော့ အတော်လေးတွေဝေမိတယ်။ အနည်းငယ်လဲ စိတ်ဝင်စားမိတယ်။ အဆန်းပဲလေ ယောင်္ကျားလေးတစ်ယောက်ကို ယခုလို "ချည်"ဆိုတာလေး နုရွမနေဘူးလား။ ကျွန်တော်အတော်သိချင်မိတယ်။ချည်ရဲ့ ပုံသဏ္ဍန်ကဘယ်လို ။အသားအရည် မျက်နှာပေါက် နာမည်နဲ့ဘာများစပ်ဆက်မူများရှိသလဲပေါ့။
ဒီလိုသိချင်မိလို့ ခများတို့ကျွန်တော့်ကို စပ်စုတယ်ထင်နေတာမလား။ ကျွန်တော် တော်ရုံတန်ရုံ လူတစ်ယောက်ကိုအခုလောက်‌
စိတ်မဝင်စားမိပါဘူး။ ကျွန်တော်စိတ်ဝင်းစားတဲ့အရာအများစုက
အထူးအဆန်းတွေပဲ။ ချည်ဆိုတဲ့လူအပါအဝင်ပေါ့ဗျာ။
ချည်.........

သဣရာဇ် ကုတင်ပေါ်သို့လှဲကာ စောင်ကိုခြုံ၍ အိပ်စက်လေသည်။

မနက်ခင်းလေးကလှပစမြဲပါပဲ။ကျွန်တော် မျက်နှာသစ်ပြီး အောက်ထပ်ဆင်းတော့ အမေခမျာ ဧည့်ခန်းမှာ ထိုင်စောင့်နေရှာတယ်။
သူ့မလဲ ဘယ်လောက်တောင်တွေ့ချင်နေလဲ တကယ်ပါပဲ။
"သဣရာဇ်ရယ် ကြာလိုက်တာအမေစောင့်နေရတာ"

‌အမေတို့များ သူဘာသာအစောကြီးထပြီး ထိုင်စောင့်နေတာကို
ကျွန်တော်လဲ အမြဲ၈နာရီထနေကျပဲကို ဒီနေ့မှအမေတို့အမျိုးမျိုး။
"အမေရယ် သားကမကြာပါဘူးအမေကစောနေတာ "

ကျွန်တော်ပြောတော့အမေကရယ်တယ်ဗျာ။
"ကဲပါ သွားမယ်လေ"

"ဟုပြီသား သွားကြမယ် "

အမေများတက်ကြွနေတာ တကယ်ကိုပါ။
ဟဲဟဲ.....အဖေနဲ့မတည့်တာဒါကြောင့်နေမယ် ။
အမေ့စိတ်က မရမကတစ်ဇွတ်ထိုး အဖေနဲ့ကတော့ ဟင်း...
ဘယ်လိုတောင်ယူဖြစ်ကြလဲကိုမသိတော့ပါဘူး....!

ကျွန်တော်နဲ့မေမေ နွယ်နွယ်တို့အိမ်ရောက်တော့ ခြံတခါးကပိတ်ထားတယ်။ကျွန်တော်ကားဟွန်းတီးလိုက်တော့ နွယ်နွယ်က ခြံအတွင်းထဲ မြတ်ခင်းပြင် ပန်းဥယာဉ်ထဲကပြေးထွက်လာတယ်။
ပြီးတော့ ကျွန်တော်တို့ကို ခြံတံခါးလာဖွင့်ပေးတာ သူအမေ့ကိုမြင်လိုက်တယ်ထင်ပါရဲ့ ရုပ်ချက်ချင်းကိုပင်ဆူပုတ်နေရော။

Che∆ {Complete}Where stories live. Discover now