အပိုင်း 9(uni+Z)

614 36 3
                                    

Unicode

ဆူညံသံများကနေရာအနှံပင် ။ထိုကြားထဲမှာ လရောင်အောက်တွင် ဇာတ်ပွဲကြည့်နေသာ ချည်ထင်ဘုန်းဆိုသည် ကောင်လေး၏အကြည့်က အလွန်ပင် လှပသည်။ သိပါသည်။ ယောင်္ကျားလေးတစ်ယောက်ကိုလှပသည်ဟုသုံး၍မရနိုင်သော်လဲ စာရေးသူက ချည်ထင်ကိုသိပ်ကိုလှပသည်ဟူ၍သုံးသည်။အတွေးစိတ်ကူးထဲ၌လည်းတကယ်ကိုယ်ပင် ပုံဖော်ရင်းမမေ့နိုင်လောက်သည်ထိပင်။ မြင်ပြီးလျှင် မကြာခဏကိုတွေ့မြင်ချင်မိသည်။ တနေကုန်သာထိုင်၍ကြည့်ချင်နေမိသည်။

"ချည်ထင်ဘုန်းး"
ဘေးမှချည်ထင်၏ လက်ကိုထိကာ ခေါ်နေသော သဣကိုချည်ထင်ဂရုစိုက်မိပုံမပေါ်။ချည်ထင်ဇာတ်ထဲ၌သာမျောနေလျက်ပင်။
သဣက စိတ်မရှည်သူလဲဖြစ်သည်။ ဒေါသထွက်လွယ်သူလဲဖြစ်ပေသည်။

"ချည်ထင်ဘုန်းးး!"ဟူ၍ ချည်ထင်၏လက်ကို ဆွဲစိတ်၍ခေါ်လိုက်သည်။ ဆွဲစိတ်တာအားပါသွားသည်ထင်သည်။ချည်ထင်က တွန့်တက်ကာ လန့်သွားသည်။ နာသွားသော လက်ကို နောက်လက်တစ်ဖက်ဖြင့်ဖိ၍ သဣကို မကျေမနပ်အကြည့်ဖြင့်ကြည့်လာသည်။

"ကျုပ်လက်ကိုဘာကြောင့်ဆွဲစိတ်ရတာလဲ ကျုပ်နာသွားပြီ"ချည်ထင်ကိုကြည့်တော့တကယ်ကိုနာနေဟန် သို့ပေမဲ့ သဣကတော့ မသနား ချေချေပင်။

"ကျုပ်က မင်းကိုနာသွားလောက်တဲ့ထိ ကျုပ်အားမသုံးခဲ့ပါဘူး"
ခေါင်းမာမာဖြင့်သာပြောသည်။

"ထားတော့ ပြောရင်အဲ့လိုပဲ ဘာလဲပြော ခေါ်ရတဲ့အကြောင့်အရင်းက"

"ကျုပ် ဗိုက်ဆာပြီ "

ချည်ထင်ကမျက်လုံးအဝိုင်းသားဖြင့် အံဩသည်။
"ဟမ် ဟိုမှာခများမျက်စိမြင်တယ်ဟုတ် မုန့်တွေအမှားကြီးပဲ သွားဝယ်စားပါလား ကျုပ်ကိုဘာကြောင့်များအသိပေးပြောနေရတာလဲ "

"မင်းကျုပ်နဲ့အတူလိုက်ခဲ့ရမယ်"

"ဟမ်...ကျုပ်ကဗိုက်မဆာဘူး ခများဗိုက်ဆာတာလေ ဘာကြောင့်များကျူပ်ကိုခေါ်ရသလဲ "
ချည်ထင်အပြောကို သဣက သက်ပြင်းချသည်။

"ဟင်း....ကျုပ်တစ်ခုခုဖြစ်ခဲ့ရင် ဟောဒီကချည်ထင်ဘုန်းက ဘယ်လိုလုပ်မလဲ"ထိုသို့ပြောကာမှ ချည်ထင်အသံထွက်ရယ်သည်။
သဣက ရယ်နေသော ချည်ထင်ကိုကြည့်၍ အနည်းငယ်တွေဝေလျက်ပင်။

Che∆ {Complete}Where stories live. Discover now