အပိုင်း 19 (Uni+Z)

560 26 3
                                    

Unicode

"ဘာကြောင့် မင်းက ကာစီး ကာစီးလာဝင်ပြောနေရတာလဲ နီနီ "

အိပ်ခန်းကျယ်ကြီး၏ ထောင့်တစ်နေရာမှ မဟာသဣရာဇ်၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာတော့ ဒေါ်နီနီ တုန်တက်သွားပြီး
သဣကို ရပ်ကြည့်နေသည်။

"ကျွန်မတို့ လုပ်ပုံက ဟုတ်မနေဘဲ ရှင်က ချည်ထင်ကို ချစ်တာနဲ့ ကျွန်မသားလေးကိုတော့ သူ့အချစ်ရေးရာမှာ ရှင့်ကိစွနဲ့ပတ်သက်လို့ ဝင်ရှုပ်မနေစေချင်ဘူးရှင့် "
ဒေါ်နီနီက အသံကတုန်ကယင်နဲ့ စိတ်အားထက်သန်စွာပြောသည်။
"ပြီးတော့ ရှင် ချည်ထင်ကို တရားစွဲတာ ရုတ်သိမ်းစေချင်တယ်"

"ဘာ...! ဘယ်လိုပြောလိုက်တယ် အဟက် မင်းက ငါ့ကို လောင်းကစားတစ်ခုလို လာစမ်း‌သက်နေ‌ရလောက်ထိ မင်းဘယ်တုန်းက ငါ့ကို ပြန်အတွန့်တက်ဖူးလဲ ဟမ်..."

"ဟုတယ် ကျွန်မအရင်က အတွန့်မတက်ခဲ့ဘူး အခုတော့ ကျွန်မသားနောင်ရေးအတွက် ကျွန်မ တက်သင့်ရင်တက်ရလိမ့်မယ် ကိုမဟာသဣရာဇ်"

သဣ စိတ်တိုတိုနဲ့ စားပွဲခုံပေါ်တင်ထားသည့်
ဖန်ခွက်အား အားပြင်းပြင်းဖြင့် ကြမ်းပြင်ပေါ်သို့
ပစ်ခွဲလိုက်သည်။

ခွမ်း.....!

ဒေါ်နီနီလဲ ဖန်ကွဲစများကို ရှောင်လိုက်သည်။
သဣက ဒေါသကြီးမောသကြီးနဲ့ နီနီအား လက်ညိုးထိုးရင်းပြောလာသည်။
"အေး ငါကလဲ ဦးသက်ရှိန်ရဲ့သားပါ အဟက်..... မင်းသားသဣရာဇ်ကို နိုင်ငံခြား ပညာတော်သင်လွှတ်ပြီး အဲ့မှာပဲ တစ်သက်တာနေခိုင်းမလား ချည်ထင်ဘုန်းကို တရားစွဲတာ ရုတ်သိမ်းမလား ရွေးကြည့်လိုက်စမ်း"
ထိုအခါမှ နီနီ သေချာ‌စဉ်းစားရင်းမှ စိတ်ရူပ်ထွေးရသည်။

"ကောင်းပြီလေ ရှင်ချည်ထင်ကို တရားစွဲထားတာရုပ်သိမ်းလိုက်
ရှင့်ရဲ့ စိတ်ထဲမှာ မနာလိုစိတ်တွေ သဝန်တို့စိတ်တွေကြောင့်
အမြဲ လမ်းပျောက်နေလိမ့်မယ် ၊

ဝန် ခံ လိုက် ပါ ရှင် သူ့ ကို ချစ် နေ သေး တာ"

ဒေါ်နီနီ၏စကားကို သဣကြားရတော့ မထင်မှတ်ထားဘဲ မျက်ရည်များကျဆင်းလာမိခဲ့သည်။

Che∆ {Complete}Where stories live. Discover now