အပိုင်း 4(Unicode)

1.1K 56 0
                                    

ချည်...ဆိုတာနဲ့ သဣရာဇ်တို့ မျက်နှာကအမြဲပင် တက်ကြွနေ။သဘောကျမိရာပါ။

အချစ်ဆိုတာလူသားတိုင်းအတွက် လွတ်လွတ်လပ်လပ်ချစ်ဖို့ပေါက်ဖွားလာရခြင်းပါပဲ။ မည်ကဲ့သိုသော ဂုဏ်၊ငွေ၊အခြားသောပကာသဏတွေနဲ့နှိုင်းယဉ်၍လဲမရ။ ကျားဖြစ်သော၎င်း၊မဖြစ်သော်၎င်း တန်းတူချစ်ခြင်းရှိသင့်သည် ကိုသဣရာဇ်သိသည်။သိုပေမဲ့သော် လက်မခံနိုင်ချေ။သဣရာဇ် ချည်နဲ့တွေ့သည့်အချိန်တိုင်း ပျော်ပါသည်။သဘောကျပါသည်။ ပျော်ချိန်တွင်းအတွေးတစ်ခုကအမြဲလို နှောင့်ယှက်သည်။ ထိုနှောင်ယှက်မှုကို သဣရာဇ် ဘဝင်မကျချေ။
ထိုအတွေးသည်ကား

"ချည် မင်းဘာလို့ မိန်းကလေးမဖြစ်ရတာလဲ...."

နက်နဲလွန်းတဲ့တွေးတော့ခြင်းပဲ။
ကျွန်တော် သိတာက ချည်....ချည်ဆိုတာ
ကျွန်တော်မြင်မြင်ခြင်း
သူ့ရဲ့အပြုံး၊မျက်လုံး၊ခေါင်းကခြေအဆုံးသဘောကျမိရာ....မဟုတ်ဘူး.....မြတ်နိုးရာလေးပါ...ကျွန်တော်ကိုယ်တိုင်တွေးတဲ့အတွေးကို
အမြန်ဖျောက်ပစ်နိုင်ရင်သိပ်ကိုကောင်းမှာပဲ။
ကျွန်တော်အဲ့လိုပြောတော့ ထပ်တွေးမိပြန်တယ်။
ယောက်ကျားလေးတစ်ယောက်ကိုမြတ်နိုးမိတဲ့သူက ယောက်ကျားတစ်ယောက်ပဲ။ဒါဆို အခြောက်လား ကျွန်တော်က။

သဣရာဇ် ဖခင်ဖြစ်သူ၏ စာကြည့်တိုက်ထဲတွင် အတွေးများစွာနဲ့ပိတ်မိနေတော့သည်။သဣရာဇ် စာအုပ်စင်မှာ တစ်အုပ်ပီးတစ်အုပ်အကြိုက်ရွေးနေသည်။ထိုထဲကမှ သဣရာဇ်သဘောကျမိရာ စာအုပ်တစ်အုပ်ထဲမှ စာသားအချို့ကို အသံထွက်၍ဖတ်မိသည်။

(တစ်ရေထဲသောက်ပြီး တစ်လေထဲရူနေရတဲ့
လူသားအချင်းချင်းတောင် လွတ်လပ်စွာမချစ်ရတဲ့
ဘဝကြီးကို စိတ်ကုန်မိ‌ပါတယ်။

တစ်ခါတလေ ညီမျှတဲ့ချစ်ခြင်းကို မင်းဆီက ရပါလို၏
ကိုယ်ညအိပ်တိုင်းအမြဲဆုတောင်းမိပါတယ်။)

By *Ayesir*∆

သဣရာဇ် ထိုစာကိုမြင်တော့ အလွန်ပင် တွေးတောနေသည်။ထိုစာထဲကပြောသားခြင်က ဘာကြောင့်များ သူ့အတွက်အဓိပါယ်ရှိနေရတာလဲပေါ့။ဘာကြောင့်များလဲ ။ သူကိုယ်တိုင်တွေးတောမူကလဲအဆုံးမသတ်နိုင်ချေ။

Che∆ {Complete}Where stories live. Discover now