အပိုင်း 15 (Uni +Z)

577 28 0
                                    

Unicode

ညကြီးမိုးကချုပ် မဲမှောင်နေလျက်ပင်။ မြစ်တစ်လျှောက် လှေတစ်စင်းနဲ့ လူကလေးယောက်.... နုဿမြစ်သို့ဦးတည်နေသည်။ သာစည်မြစ်နဲ့ နုဿမြစ်က ဆက်စပ်လျက်ရှိသောကြောင့် သွားရတာ အဆင်ပြေပြေပင်။ လေပြေများကမှောင်ကြီးမဲကြီးထဲ တိုက်ခက်လျက်ပင်။

"သူဌေးကြီး ကျုပ်တို့ရောက်တော့မယ်..."
ဦးသက်ရှိန်သတပည့်က လှော်တက်ကို လှော်ရင် ပြောလိုက်သည်။

"မင်းတို့ အဲ့မှာ လူမရှိတာ သေချာလား ဟမ်....."

"သေချာပါတယ် သူဌေးကြီး ကျုပ်တို့သေချာစစ်ဆေးပြီးသားပါ.... စိတ်ပူဖို့မလိုပါဘူး"

"ကောင်းပြီ..."

ရေလှိုင်းက သိပ်မကြမ်းတော့ သွားရတာပိုမိုအဆင်ပြေစေသည်။
တဖြည်းဖြည်းနဲ့ နုဿမြစ်ကမ်းသို့နီးစပ်လာသည်။
ဦးသက်ရှိန်က ကမ်းစပ်ကိုလှမ်းကြည့်ကာ တစ်ယောက်မျှမတွေ့တော့ ကောင်းပြီး ဟူသည် ဟန်ဖြင့် တပည့်ဖြစ်သူတွေအား ခေါင်းငြိမ့်ပြလိုက်ကာ ကမ်းစပ်နားရောက်တော့
လှေကို စိုက်ကာ ဘုရားထဲသို့ ဝင်သွားကြတော့သည်။

"ကိုသဣ ကျုပ်တို့ ဦးရီးသက်ရှိန်ကို သွားရှာကြမလား တစ်ခုခုဖြစ်နေမယ်နော်...."
ချည်ထင်က စိုးရိမ်ပူပန်မှုစိတ်တစ်ခုဖြင့်သာ သဣကိုပြောသည်။

"ရတယ် ကျုပ်...ကျုပ်ကို ပြောသွားတာမေ့နေတာ ဟိုဘက်ရပ်ကွပ်က အသုဘ ရှိတယ် အဲ့ကို သွား‌တယ် မနက်မှပြန်လာမယ်တဲ့ ရှာဖို့မလိုဘူး" သဣထိုကဲ့သို့သာပြောတော့ သဣ ပုံအနေအထားအနည်းငယ် ပျက်နေတာကိုချည်ထင်ရိပ်မိသည်။

"အင်း...အင်းပါ ကျုပ်က ဘေးဖြစ်မှာစိုးလို့ပါ...."
သဣ မည်သည်မျှပြန်မဖြေဘဲ ချည်ထင် လက်ကိုကိုင်ထားလျက်ပင်နဲ့ လမ်းလျှောက်ပေးနေသည်။ ခနအကြာတော့ ချည်ထင်လဲ အိပ်ချင်နေပြီဖြစ်သည်။

"ကျုပ်အိပ်ချင်ပြီ "သဣက ချည်ထင့်လက်ကို ဆွဲလာကာ အိမ်ထဲသို့ ခေါ်သွားခဲ့သည်။ အခန်းထဲ၌ ချည်ထင်က သဣဘေးတွင်လှဲ၍
စဣန့်ပိုင်းအတွင်းအိပ်ပျော်သွားသည်။
သဣက ချည်ထင်ကို ကြည့်၍ ခြင်ကိုက်မည်စိုးသဖြင့် မီးဖိုချောင်ထဲက မြက်ယပ်တောင်ကိုထယူကာ ချည်ထင်ကို ယပ်ခပ်ပေးသည်။ ပြီးသည်နှင့် ဘေး၌ရှိသော စောင်ကိုယူ၍ ချည်ထင်ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။ သဣက ချည်ထင်ကိုဆက်လက်ယပ်ခပ်ပေးနေရင်း ဖအေဖြစ်သူအကြောင်းကိုတွေးတောနေမိသည်။

Che∆ {Complete}Kde žijí příběhy. Začni objevovat