အပိုင်း (၂) Unicode

1.8K 282 25
                                    

နှစ်ဝက် ?

ထိုစကားကို ကြားသောအခါ သွမ့်လင် အနည်းငယ် ထိတ်လန့်သွားသည်။ တခဏကြာပြီးလေမှ ညင်သာစွာ "အွန်း" ဟု ဆိုလိုက်ပြီး -

"ဒီလိုကိုး"

သမားတော်ယောင်က သူ၏တည့်တိုးပြောဆိုတတ်မှုကြောင့် လူအချို့အပေါ် အပြစ်ပြုမိခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် သွမ့်လင်ကအပြစ်မတင်ကြောင်း မြင်သောအခါ သက်ပြင်းရှိုက်ထုတ်ရင်းမေးလိုက်၏။

"သခင်လေးအတွက် ဆေးဖော်စပ်ပေးရမလား"

သွမ့်လင်က လက်ကိုဝှေ့ယမ်းလိုက်ရင်းဆိုသည်။

"ဖော်စပ်လိုက်ပါ"

ထို့နောက် အိမ်တော်ထိန်းကိုညွှန်ကြားလိုက်၏။

"ဂျင်ဆင်းနဲ့ အသက်ကိုထိန်းဖို့လိုအပ်တဲ့ပစ္စည်းတွေ အကုန်ပြင်ဆင်ပေးလိုက်ပါ။ ကုန်ကျစရိတ်အတွက် ပူစရာမလိုဘူး"

အိမ်တော်ထိန်းကနာခံစွာ သမားတော်ယောင်ကို ဆေးဖော်စပ်ရန်ခေါ်၍ ထွက်သွားသည်။

သွမ့်လင်က တစ်ကိုယ်တည်းတခဏရပ်ကျန်ခဲ့ပြီးလေမှ ကုတင်ပေါ်သို့ခပ်ဖြည်းဖြည်းထိုင်လိုက်ပြီး အိပ်မောကျနေဆဲဖြစ်သောလုရှိုးဝမ်ကို ကြည့်လိုက်သည်။

သူတော်ကောင်းများကအသက်တိုပြီး သူယုတ်မာတို့ကသက်ဆိုးရှည်သည်ဟု ဆိုကြသည်။ လုရှိုးဝမ်ကဲ့သို့ဆိုးယုတ်လှသူက ရှည်ကြာလွန်းစွာအသက်ရှင်နေရသင့်သော်လည်း ယခုတော့မထင်မှတ်စွာ သူ့ဘဝက တိုတောင်းနေခဲ့သည်။

အရင်အချိန်က ဤလူကို သူမုန်းတီးကြောက်ရွံ့ခဲ့ဖူးသည်။ သို့သော် သူ့ဘဝသက်တမ်းက သိပ်မကျန်ရစ်တော့ကြောင်းသိပြီးနောက် စိတ်နှလုံးထဲတွင် တစ်မျိုးတစ်မည်ခံစားမိလာခဲ့၏။ အိပ်ပျော်နေသည့် လုရှိုးဝမ်က ချွေးများရွှဲနစ်လာသောအခါတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ချွေးသုတ်ပေးမိပြန်သည်။

လုရှိုးဝမ်က မျက်မှောင်အနည်းငယ်ကြုတ်ရင်း ဝိုးတဝါးဆိုလာသည်။

"ရှစ်တိ....."

သွမ့်လင်၏ နှလုံးသားက ရုတ်တရက်ခုန်လှုပ်သွား၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now