အပိုင်း (၆) Unicode

1.6K 231 16
                                    

သွမ့်လင်၏ရင်ထဲတွင်ထိတ်သွားပြီး မိစ္ဆာဂိုဏ်းချုပ်၏အလောင်းကို ပြန်မြင်ယောင်မိသွားသည်။ သူက တိုက်ခိုက်နေစဥ်အတွင်း ချီ​ဖောက်လွဲဖောက်ပြန်ဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။ သို့သော် လက်ဝဲစောင့်ရှောက်သူက လူအများစောင့်ကြပ်ကြည့်ရှုနေသည့်အောက်မှာပင် သူ့ဦးခေါင်းကို ခြေရာလက်ရာမကျန်ဘဲ ခိုးယူသွားနိုင်ခဲ့၏။

ဤသည်ကား စိန်ခေါ်ခြင်းဖြစ်သလို ခြိမ်းခြောက်သည့်အပြုအမူလည်းဖြစ်သည်။ ထင်သည့်အတိုင်းပင် လအနည်းငယ်ကြာပြီးနောက် ဂိုဏ်းချုပ်နည်းတူ ဦးခေါင်းဖြတ်၍အသတ်ခံရသူများပေါ်လာခဲ့၏။ လက်ဝဲစောင့်ရှောက်သူက ဂိုဏ်းချုပ်အတွက် လက်စားချေရန်လှုပ်ရှားနေသည်ဟုလည်း ယူဆနိုင်ပေသည်။

"အခုဆိုရင် သိုင်းလောကသားတွေအကုန် ​အထိတ်တလန့်ဖြစ်နေကြပြီ။ အထူးသဖြင့် မိစ္ဆာဂိုဏ်းကိုဖြိုခွင်းချိန်မှာ ပါဝင်ခဲ့ကြတဲ့သူတွေပေါ့။ သူတို့အိပ်ရာကနိုးလာတဲ့အချိန် ခေါင်းဖြတ်သတ်ခံရမှာကိုပဲ ကြောက်နေကြရတယ်။"

လျိုရိကပြောရင်း ကြက်သီးအနည်းငယ်ထကာ တုန်လှုပ်မိသွားသည်။ ယနေ့ည သွမ့်လင်နှင့်သာမတွေ့ခဲ့လျှင် သူသည်လည်း ခေါင်းဖြတ်အသတ်ခံရပြီးဖြစ်လောက်ပါ၏။

"ဒါပေမဲ့ သူတို့က အရှက်မဲ့တဲ့အပြစ်သားတွေပဲမဟုတ်လား။ သတ်လိုက်ရင်ရနေပြီပဲ။ ဘာကြောက်စရာများရှိလို့လဲ။"

"အစ်ကိုကြီးသွမ့်မသိပါဘူး။ အဲဒီလူတွေက ဉာဏ်များပြီးကောက်ကျစ်ကြတယ်။ သူတို့က...."

"အင်အားကြီးတဲ့ရန်သူနဲ့ကြုံရင် မတိုက်ခိုက်ပဲကွေကွင်းရှောင်ဖယ်သွားကြတယ်။ အင်အားနည်းတဲ့သူက တစ်ယောက်တည်းရှိနေချိန်ဆိုရင်တော့ အပြတ်ရှင်းထုတ်ပစ်ကြတယ်။ ဟုတ်တယ်မလား။"

မြင်းလှည်းပေါ်တက်ပြီးနောက် မျက်လုံးမှိတ်ကာအနားယူနေသည့် လုရှိုးဝမ်က ရုတ်တရက် ဝင်ပြောလာသည်။

"အဲဒီလိုအဟုတ်ပဲ!"

လျိုရိက ပြောလိုက်သည်။

"သခင်လေးလုက ဘယ်လိုသိတာလဲ။"

"ခန့်မှန်းကြည့်လို့ရတာပါပဲ။ ဒီနေ့ မင်းကြုံခဲ့တဲ့လူတွေက ထျန်းကျွယ်ဂိုဏ်းရဲ့အဖွဲ့ဝင်သာသာပဲရှိတယ်။ တကယ့်အရေးပါတဲ့သူတွေမဟုတ်ဘူး။ လက်ဝဲစောင့်ရှောက်သူက သူတို့ကိုလွှတ်ထားတယ်ဆိုတာ လူတွေရဲ့စိတ်အခြေအနေကို ပျက်ပြားအောင်လုပ်ဖို့ပဲ။ နောက်ကွယ်မှာ ဒီထက်ပိုတဲ့အကြံအစည်ရှိနိုင်တယ်။"

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now