အပိုင်း (၁၀) Unicode

1.7K 287 68
                                    

不堪折 ကျိုးပဲ့မခံဝံ့လေသော

သွမ့်လင်နဲ့ လုရှိုးဝမ်တို့ရဲ့ CV Laoshi နှစ်ယောက်ကိုယ်တိုင်သီဆိုထားတဲ့ Broken Branch Audio Drama ရဲ့ Theme Song ပါ။ Media ကို မမြင်ရတဲ့သူတွေအတွက် ကျွန်တော့် Profile ထဲက Conversations မှာ Youtube Link ရော Facebook Link ပါချပေးထားပါတယ်။

••••••••••

"အမြင်အာရုံကွယ်ပျောက်တာက .... ခန္ဓာကိုယ်ထဲက အဆိပ်တွေရဲ့စုစည်းမှုကြောင့်ဖြစ်တာပဲ။ အကယ်၍ ငါခန့်မှန်းတာမမှားရင် ဒါကအစပဲရှိသေးတယ်။ နောက်ပိုင်းကျရင် အခြေအနေက တဖြည်းဖြည်းပိုဆိုးလာလိမ့်မယ်။"

သွမ့်လင်က သမားတော်ဝေ့ကို အမြန်သွားခေါ်ခဲ့ပြီး လုရှိုးဝမ်၏မျက်လုံးများကိုကြည့်ပြီးနောက်တွင် အခြေအနေကိုသိလိုက်ရသည်။ သူက ထိုစကားများကိုပြောချိန်တွင် လုရှိုးဝမ်ကိုမရှောင်ဘဲ ရှေ့တွင်သာထုတ်ပြောခဲ့၏။

လုရှိုးဝမ်ကလည်း တည်ငြိမ်နေခဲ့ပြီး ခေါင်းအသာညိတ်၍ -

"နားလည်ပါပြီ။ ဆရာဝေ့ကို ကျေးဇူးတင်ပါတယ်"

သမားတော်ဝေ့က တခဏတွေးပြီးနောက် ဆေးညွှန်းအသစ်ပြင်ပေးကာ အဆုံးတွင်ပြောလိုက်သည်။

"သက်ရောက်မှုက မများနိုင်ဘူးဆိုပေမဲ့ တစ်ရက်ဆိုလည်းဆိုသလောက် ဆွဲဆန့်ထားလို့ရတာပေါ့။"

သွမ့်လင်က နံဘေးတွင်ရပ်နေရင်း စကားလုံးတိုင်းကို ရှင်းလင်းစွာကြားနေရသည်။ သူ့ရင်ထဲတွင် ခါးသီးလာပြီး သမားတော်ဝေ့ထွက်သွားချိန်တွင် လုရှိုးဝမ်ကို မေးလိုက်သည်။

"ဘာလို့ ကျွန်တော့်ကို မပြောတာလဲ"

လုရှိုးဝမ်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေ၏။

"မျက်လုံးမမြင်ရတော့ရုံလေးပဲကို၊ ဘာမှရေးကြီးခွင်ကျယ်မဟုတ်လို့ပါ။"

မျက်လုံးကွယ်သွားရုံမကဘဲ သူ့အသက်နှင့်စပ်လျဥ်းနေသော ကိစ္စဖြစ်သည်။ သို့တိုင်အောင် သူက အရေးမစိုက်သယောင်ပြုနေသေး၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now