အပိုင်း (၈) Unicode

1.4K 229 20
                                    

သူ့စကားကိုကြားပြီးနောက် အားလုံးက အံ့အားသင့်သွားကာ သူ့ကိုတပြိုင်နက်ကြည့်လာကြသည်။

တုဖုန်း၏အမူအရာက ​ပြောင်းလဲသွားသော်လည်း သူက ချက်ချင်းအော်ရယ်လိုက်ပြီး -

"လေကြီးမနေစမ်းပါနဲ့။ ငါမသိဘူးထင်လို့လား။ မင်းရဲ့သိုင်းအတတ်က ပျက်စီးသွားတာကြာလှပေါ့။"

လုရှိုးဝမ်၏လက်ချောင်းတို့က ​ဖြူဆွတ်၍ဖြောင့်စင်းသွယ်လျကာ ဓားကိုင်သည့်လက်နှင့်မတူဘဲ ကျားကစားသည့်လက်နှင့်သာ ဆင်တူသည်။ သို့သော် ထိုလက်ချောင်းရှည်တို့က ရတနာဓားကို မြဲမြံစွာဆုပ်ကိုင်ထားပြီး ပြော၏။

"လူတစ်ယောက်မှာ သိုင်းအတတ်မရှိတော့ရင် အစကပြန်လေ့ကျင့်လို့ မရနိုင်ဘူးလား။ ငါက ဆယ်နှစ်လုံးလုံးတိုးတက်မှုမရှိတဲ့ မင်းလိုအမှိုက်မျိုးနဲ့ တူမယ်လို့ထင်နေတာလား။"

တုဖုန်းက သူ့စကားကို ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် -

"သိုင်းပညာကို အစကပြန်လေ့ကျင့်ခဲ့ရင်တောင် အခုမင်းက ဝိညာဥ်လိုက်ရနံ့ရဲ့အဆိပ်မိနေပြီးသား!"

လုရှိုးဝမ်က ရယ်လိုက်သည်။

"ဝိညာဥ်လိုက်ရနံ့ကြောင့်သာမဟုတ်ရင် ငါက မင်းကို အခုချိန်ထိ အသက်ရှင်ခွင့်ပေးထားပါ့မလား။ ဒါပေမဲ့ ခေါင်းမော့ကြည့်လိုက်စမ်းပါဦး။ မိုးသောက်ချိန် ရောက်တော့မယ်လေ။"

တုဖုန်း ထိတ်လန့်သွားသည်။ ပြင်းထန်သောတိုက်ပွဲအပြီးတွင် ကောင်းကင်က ရောင်ခြည်လင်းစပြုလာပြီဖြစ်၏။

ဝိညာဥ်လိုက်ရနံ့၏သက်ရောက်မှုက အချိန်သုံးနာရီမျှသာရှိပြီး မိုးသောက်ချိန်ရောက်လျှင် ပျက်ပြယ်သွားမည်သာ။

လုရှိုးဝမ်က ဓားကိုကိုင်လျက် တုဖုန်းရှေ့သို့ တစ်လှမ်းချင်းလျှောက်သွားရင်း မေးလိုက်သည်။

"ငါ ဘာလို့ မင်းရဲ့မျက်လုံးတစ်ဖက်ကန်းအောင် လုပ်ခဲ့လဲဆိုတာ မှတ်မိသေးလား"

"ဟွန်း၊ မင်းရဲ့ အဖိုးတန်ညီလေးကို ထိခိုက်အောင်လုပ်မိလို့လေ။"

တုဖုန်းက သူ့ကိုမုန်းတီးသလို ကြောက်လည်းကြောက်ရွံ့နေဆဲလည်းဖြစ်၍ နောက်သို့ အလိုလိုတစ်လှမ်းဆုတ်မိသွားသည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now