အပိုင်း (၁၄) Unicode

1.5K 217 69
                                    

လုရှိုးဝမ်က မေ့ကြောကိုပါ အနှိပ်ခံလိုက်ရသဖြင့် အသံပင်မပြုနိုင်ဘဲ ခွေကျသွားတော့သည်။

သွမ့်လင်လည်း ထိုအခါမှ သက်ပြင်းရှည်ကြီးကို ရှိုက်ထုတ်နိုင်တော့၏။

သူက လုရှိုးဝမ်၏ခါးကိုပွေ့ဖက်ထားရင်း အကျွမ်းတဝင်ရှိလှသည့်မျက်နှာကို ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင် ဆုံးရှုံးပျောက်ကွယ်ပြီးသား တစ်စုံတရာကို ပြန်လည်ပိုင်ဆိုင်ခွင့်ရသည့် ပျော်ရွှင်မှုလေးက တသိမ့်သိမ့်လှိုက်တက်လာခဲ့၏။

သူ တစ်ကြိမ်ဆုံးရှုံးခဲ့ဖူးပြီဖြစ်သည်။ ယခုတစ်ခါတွင်တော့ မည်သို့ဖြစ်စေ လက်လွှတ်ပေးတော့မည်မဟုတ်ချေ။

သွမ့်လင်က တည်းခိုဆောင်တွင် တစ်ယောက်တည်းကျန်ခဲ့သည့် လျိုရိကို စိုးရိမ်သဖြင့် အချိန်ထပ်မဖြုန်းရဲတော့ဘဲ အိပ်မောကျနေသည့် လုရှိုးဝမ်ကို ကျောပိုးကာ လေသာဆောင်မှ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။

ညဥ့်နက်သန်းခေါင်တွင် လမ်းမကြီးပေါ်၌လည်း တိတ်ဆိတ်ငြိမ်သက်နေလေပြီ။

သွမ့်လင်၏ခြေလှမ်းများက ပျံသန်းနေသည့်အလား မြန်ဆန်လှသည်။ သူ့ပခုံးပေါ်ရှိခန္ဓာကိုယ်မှ နွေးထွေးသောကိုယ်ငွေ့လေးကို သူခံစားမိနေပြီး နှလုံးခုန်သံအချက်တိုင်းကိုလည်း ရှင်းလင်းစွာ ကြားသိနေရသည်။

လူတစ်ယောက်ကိုကျောပိုးရင်း လမ်းလျှောက်ရသည်က ဤမျှစိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်ဟု သူ မသိခဲ့ရိုးအမှန်ပင်။ အချိန်ကြာမြင့်စွာ အသက်ရှူအောင့်ထားရပြီး အဆုံးတွင်လတ်ဆတ်သောလေကို တဝရှုရှိုက်ခွင့်ရလိုက်သလို ပျော်ရွှင်ဖွယ်ရော နာကျင်ဖွယ်ပါကောင်းလှ၍ မျက်ရည်မိကျလုနီးနီးပင်။

........ လုရှိုးဝမ်က အသက်ရှင်လျက်ရှိနေသေးသည်။

မိမိကို မေ့သွားလျှင်လည်း ကိစ္စမရှိပါချေ။ သူ စကားပြောနိုင်၊ ပြုံးရယ်နိုင်ပြီး လမ်းလျှောက်နိုင်သေးသည်ဆိုလျှင် လုံလောက်နေပြီဖြစ်သည်။

သွမ့်လင်က တည်းခိုဆောင်ကို အမြန်လာပြီးနောက် လုရှိုးဝမ်ကို မိမိအခန်းထဲသို့ ဦးစွာသယ်သွားသည်။ ထို့နောက် ကပ်လျက်ရှိ လျိုရိ၏အခန်းသို့ အခြေအနေကြည့်ရန် ထွက်လာခဲ့လိုက်၏။ ညဥ့်နက်နေပြီဖြစ်သော်လည်း လျိုရိ၏အခန်းက မီးလင်းနေဆဲဖြစ်ပြီး သွမ့်လင် တစ်ချက်ကြည့်လိုက်သောအခါ အခန်းထဲတွင် လူနှစ်ဦး၏အရိပ် ထင်ဟပ်နေသည်ကို မြင်လိုက်ရ၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now