အပိုင်း 8

1.5K 195 0
                                    

အမေက မဒမ်ယုကို ရိုက်လိုက်တယ်လို့ မင်းပြောတာလား?


ကူလင်းက ရှေ့သို့တစ်လှမ်းတိုးကာ သူ့ညီမလေးကို အကာအကွယ်ပေးလိုက်တယ်။

"အမေ ဘာလို့ အိမ်မှာရှိနေတာလဲ" သူက Gu Qingxue ကို ခံစားချက်မရှိတဲ့မျက်နှာနဲ့ကြည့်ပြီး မေးလိုက်တယ်။"ဒီမနက်က မဒမ်ယုက သူမအတွက် အလုပ်လုပ်ဖို့ အမေ့ကို ပြောခဲ့တယ် မဟုတ်ဘူးလား? အမေပြန်လာတော့ အမေ့ကို သူရိုက်မှာ မကြောက်ဘူးလား?"

သူ့အသံက လှောင်ပြောင်နေသလိုပင်။

Gu Qingxue က ဒေါသမထွက်ပေ။

အကယ်လို့ သူမသာ မူလပိုင်ရှင်ကဲ့သို့ မိခင်တစ်ဦးနှင့်တွေ့လျှင် သူမလဲ ဒေါသထွက်နိုင်သည်။

နောက်ဆုံးမှာတော့ မူလပိုင်ရှင်သည်သာ မိခင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီခဲ့တာပင်။သူမသည် ခလေးများကို စောင့်ရှောက်ရန်ပင် မလုပ်နိုင်ခဲ့ပေ။

" ငါ မဒမ်ယုအတွက် အလုပ်မလုပ်တော့ဘူး" Gu Qingxue သည် သူမ၏ နှုတ်ခမ်းထောင့်စွန်းများကွေးတက်သွားအောင် ပြုံးလိုက်ပြီး " မင်းတို့နှစ်ယောက် ခြင်းတောင်းကို ချပြီး လက်မြန်မြန်ဆေးလိုက် ခနနေကျရင် နေ့လည်စာ စားမယ်။"

ပြောပြီးတာနဲ့ Gu Qingxue က မီးဖိုချောင်ဘက်ကို ပြန်သွားလိုက်တယ်။

နေ့လည်စာ?

ကူလင်နှင့် ကူလင်းပေါင်က အချင်းချင်း အကြည့်ချင်းဆုံသွားပြီး သူတို့မျက်လုံးများက မယုံကြည်နိုင်မှုတွေနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်။

ဒါက သူတို့အံ့အားသင့်ဆုံးအရာ မဟုတ်သေးဘူး။

သူတို့ အံ့အားသင့်ဆုံးအရာမှာ မကြာသေးမီက Gu Qingxue ၏အပြုံးဖြစ်သည်။

တောက်ပနေတဲ့ နေရောင်ခြည်လို ရေခဲနဲ့နှင်းတွေကို အရည်ပျော်သွားစေနိုင်တဲ့ အပြုံးက သူ့တို့အမေရဲ့ မျက်နှာပေါ်ဘယ်လိုလုပ်ပေါ်လာနိုင်တာလဲ?။

သူတို့အမေက အမြဲတမ်းငိုနေတတ်ပြီး မဟုတ်ရင်တော့ မျက်နှာတည်တည်နဲ့ရှိနေတတ်တာပင်။

"အကိုကြီး နင်အနံ့ရလား?" ထိုအချိန်တွင် ကူလင်းပေါင်သည် လေထဲမှ မွှေးရနံ့ကို သတိထားလိုက်မိသည်။မထင်မှတ်ထားဘဲ သူမ ပါးစပ်ထောင့်မှ သွားရေများပင် ကျဆင်းလာခဲ့သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now