ကုချင်းရွယ် ဒီလိုမျိုး ဘာပြောရမှန်းမသိ မဖြစ်တာကြာပြီ။
ကံကောင်းထောက်မစွာ၊ သူမသည် ကုလင်း မေးမည်ဟု မှန်းဆထားပြီး အကြောင်းပြချက်တစ်ခု ပြင်ဆင်ထားပြီးဖြစ်သည်။
ကုချင်းရွယ်က လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး "တကယ်တော့ အမေက ဆေးပညာကို ဟိုးအရင်ထဲက ကျွမ်းကျင်တာကြာပါပြီ၊ ဒါပေမယ့် တစ်ခါမှ မပြောဖူးတာပါ"
"ဟိုအရင်တုန်းက? ဘယ်လောက်ကြာပြီလဲ?" ကုလင်းက စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
ကုချင်းရွယ်က ပြုံးပြီး သူမ၏ ဝှက်ဖဲကို ထုတ်ကာ "တော်တော်ကြာခဲ့ပါပြီ။သားတို့ မမွေးခင်ထဲက အမေက ဆေးပညာကို သိပြီးသား။"
ကုလင်းက မျက်မှောင်ကြုတ်ကာ "ကောင်းပြီ"
သူတို့မမွေးခင်မှာ သူ့အမေက ဘယ်လိုပုံစံလဲဆိုတာ သူက သဘာဝကျကျပင် မသိဘူး။ သို့သော် သူ့အမေက သူ့ကို မလိမ်ညာခဲ့ဖူးပေ။ထို့ကြောင့်ပင် သူက သူ့အမေကို ယုံကြည်ဖို့ ရွေးချယ်ခဲ့သည်။
ကုလင်း က ဒီကိစ္စကို ဆက်မပြောတော့တာကြောင့် ကုချင်းရွယ်က တိတ်တဆိတ် သက်ပြင်းချပြီး ကလေးတွေကို ရထားလုံးပေါ်ပြန်ပို့လိုက်တယ်။
ရထားပေါ်သို့တက်ပြီးနောက်၊ ကုချင်းရွယ်သည် မျက်လုံးမှိတ်ကာ အနားယူရန် အကြောင်းပြချက်ကို အသုံးပြုခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် မုန့်ဖုတ်သမားလေးကို ရှာရန်သွားခဲ့သည်။
" မုန့်ဖုတ်သမားလေး ထွက်လာခဲ့တော့" ကုချင်းရွယ် က ပြတ်ပြတ်သားသားလိုက်ပြောသည်။
ကုချင်းရွယ် ရဲ့ လေသံကိုကြားတော့ စစ်စတမ်လေးက ကြောက်လန့်သွားတယ်။ တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီးနောက်" သခင် ကူညီနိုင်တာ တစ်ခုခုရှိလား" လို့ မေးလိုက်တယ်။
"ငါနင့်ကိုမေးပါရစေ၊ ငါလူတစ်ယောက်ကိုကယ်တင်ဖို့အမှတ် 200 သုံးခဲ့ရတယ်။ အဆုံးမှာ၊ လူကို ကယ်တင်ပြီးတော့ မင်းက အမှတ် 50 ဆုပေးတယ်။ အဲ့ဒါနဲ့ပဲ ငါတစ်နေကုန် အလုပ်ရှုပ်နေခဲ့ရတယ်၊ ငါတကယ်ကို အရှုံးပေါ်တဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တာပဲမလား " ကုချင်းရွယ်က မေးခွန်းထုတ်သည်။
YOU ARE READING
ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။
Historical Fiction21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင့်ရှောက်ပေးမလဲဆိုတာ ...