အပိုင်း 10

1.5K 204 0
                                    


ဒါက သူပထမဆုံးအကြိမ်အသားစားဖူးတာပဲ။

ဒန်ဘီ၏မျက်လုံးများသည် ရုတ်တရက်တောက်ပလာပြီး အံအားသင့်ဖွယ်တစ်စုံတစ်ခုကို သိရှိလိုက်ရသလိုပင်။သူ့ပါးစပ်ထဲက ကြက်သားကို မြန်မြန်ဝါးပြီး သူ့အမေကို လက်မထောင်ပြလိုက်တယ်။"wow အရမ်းအရသာရှိတယ် ကြက်သားက အရမ်းအရသာရှိတယ်"

ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် အသားကို စားဖူးခြင်းပင်။

အရင်တုန်းကတော့ အသားက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲလို့ ရွာက သခင်လေးတွေပြောတာကို သူကြားဖူးတယ်။

ဒါပေမယ့် အဲ့အချိန်တုန်းက သူမယုံခဲ့ပေ။ကြက်သွန်မြိတ်ကင်သည် ကမ္ဘာပေါ်တွင် အရသာအရှိဆုံးဟု သူထင်ခဲ့သည်။အကြောင်းမှာ ၎င်းသည် သူစားဖူးသမျှထဲတွင် အရသာအရှိဆုံးဖြစ်သည်။

သို့သော် နယ်စားမင်းအိမ်က သခင်လေးပြောတာ မှန်သည်ဟု သူခံစားလိုက်ရသည်။

အသားသည် အမှန်တစ်ကယ်ပင် ကမ္ဘာပေါ်တွင်အရသာအရှိဆုံးဖြစ်သည်။

လင်းပေါင်သည် ဒန်ဘီ၏အဆက်မပြတ် ချီးမွန်းသံကို ကြားသောအခါတွင် သူမလည်း ကြက်သားတစ်တုံးကို အမြန်ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူမသည် မယုံနိုင်စွာဖြင့် မျက်လုံးများကို ပြူးကျယ်ကာ ပါးစပ်ကို လက်သေးသေးလေးဖြင့် အုပ်လိုက်သည်။

ဘုရားရေ!

ဒါက အရသာရှိလွန်းတယ်။

သူ့ညီနဲ့ ညီမငယ်တို့ရဲ့ တုန့်ပြန်မှုကြောင့် ကူလင်လည်း ကြက်သားကို တိတ်တိတ်လေးကောက်ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရုတ်တရက် ဖော်မပြနိုင်လောက်အောင်ကောင်းမွန်သော အရသာက သူ့မျက်လုံးများကို လင်းထိန်သွားစေသည်။

ဒီတော့ ဒါက အသားရဲ့ အရသာပေါ့လေ။

Gu Qingxue သည် ကလေးသုံးယောက်ရဲ့ တုံ့ပြန်မှုကို တွေသောအခါ ဝမ်းနည်းမှုကလွဲ ဘာမှ မခံစားနိုင်ခဲ့ပေ။

သူတို့က အသက်လေးနှစ်လောက်ရှိပြီဖြစ်ကာ အသားကို တစ်ခါမှမစားဖူးကြပေ။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now