အပိုင်း 49

985 118 0
                                    

အခန်း 49- ငါ့ကို လှည့်စားရဲရင် မင်းခေါင်းကို အာမမခံဘူး

ကုချင်းရွယ်သည် သူမ၏အတွေးများကို အမြန်ပြန်ရုတ်လိုက်သည်။ သူမသည်ရုန်ကျန်း ကို သူမ၏အတွေးများကို မသိစေချင်သောကြောင့် သူမ၏လှုပ်ရှားမှုကို မြန်လိုက်သည်။ သူမသည် နောက်ဆုံးတွင် သူ့လက်မှ အပ်ကို မထုတ်မီ သူ့ထံမှ သွေးကို စမ်းသပ်ပြွန်ငါးလုံး ထုတ်ယူခဲ့သည်။

ကုချင်းရွယ်က သွေးများဖြင့် ပြည့်နေသော စမ်းသပ်ပြွန်များကို သုတေသနခန်း၏ နေရာအတွင်းသို့ သွေးခွဲရန် အမြန်ထည့်လိုက်ပြီး လက်ကိုင်ပုဝါကို ဖြည်လိုက်သည်။ "သခင်လေး ရှင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေက အရမ်းရှုပ်ထွေးတယ်။ အဆိပ်ဖြေခြင်းနည်းလမ်းကို မဆုံးဖြတ်မီမှာ ရှင့်ရဲ့သွေးကို လေ့လာဖို့အချိန် ခုနစ်ရက်လိုတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။"

"နောက်ပြီး ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ မင်းတစ်ခုခု လှည့်စားရဲရင် မင်းခေါင်းကို ငါအာမမခံနိုင်ဘူး " ရုန်ကျန်း၏အကြည့်သည် ချွန်ထက်သောဓားသွားကဲ့သို့ အေးစက်နေပြီး ကုချင်းရွယ်ကို ကို သတိပေးလိုက်သည်။

ကုချင်းရွယ်သည် သူမ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမရှေ့ကလူက သူမကိုနောက်နေတာမဟုတ်ဘူးဆိုတာ သေချာတယ်။

မျှော်လင့်ထားသည့်အတိုင်း မင်းသားအိမ်တော်မှ လာသောသူများသည် လျော့တွက်ရွေ့ရသောသူများ မဟုတ်ပေ။

သို့သော် အမှတ် 10,000 ရရှိရန်အတွက်သာ သူမဒါကို ခံနိုင်ရည်ရှိရမည်။

"ဒီကိစ္စကို စိတ်မပူပါနဲ့ သခင်လေး၊ ကျွန်မကို သွားခွင့်ပြုပါဦး" ကုချင်းရွယ်က အနည်းငယ်ပြုံးပြီး အခန်းထဲက ဖြည်းညှင်းစွာ ထွက်သွားသည် ။

ရုန်ကျန်းက ကုချင်းရွယ်ထွက်ခွာသွားသည်နှင့် ' လုရီ' ဟုခေါ်လိုက်သည်။

"သခင်" လုရီက အခန်းထဲကို ဝင်လာပြီး ရုန်ကျန်းကို အရိုအသေပေးလိုက်တယ်။

"စိုးရိမ်ကင်းဆေးမြက်ပင်တွေကို ကျင်းမြို့ကိုသွားပို့ပေးဖို့ ကျိယန်ကို ပြောလိုက်။နောက်ပြီး သူမကိုလဲထပ်စောင့်ကြည့်ထား။ သူမကို ဘာလှည့်ကွက်မှ သုံးခွင့်မပေးနဲ့၊ တစ်ခုခုဆိုရင် ငါ့ကိုသတင်းပို့" ရုန်ကျန်း
က အေးစက်စွာပြောပြီး မတ်တပ်ထရပ်လိုက်တော့ လက်ကိုင်ပုဝါတစ်ထည်က သူ့ခန္ဓာကိုယ်ကနေ လျောကျသွားခဲ့သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now