အပိုင်း 45

1.1K 121 1
                                    

အခန်း ၄၅- သူမ၏ စိတ်ငြိမ်ဆေးသေနတ်ဖြင့် ပစ်ခံခဲ့ရသော ရုပ်ချောတဲ့ အမျိုးသားပဲ...

"အချိန်အကြာကြီး ဒူးထောက်နေတဲ့သူက ချက်ချင်းကြီး မတ်တပ်ထရပ်လို့မရပါဘူး " မဒမ်ကွေ့က ခပ်ဖျော့ဖျော့ပြုံးကာ စာကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲကာ သူမဘေးနားရှိ ရေကန်ထဲသို့ ပစ်ချကာ " ရွယ်အာကို ငါတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရွယ်အာရဲ့ဘဝက မလွယ်ကူဘူး။ သူ့ကို ဂရုစိုက်ဖို့ လူများများ လွှတ်လိုက်ပါ။"

မဒမ်ကွေ့က ' ဂရုစိုက်ဖို့' ဆိုတဲ့ စကားလုံးကို ဖိပြောလိုက်တာကို ကြားလိုက်ရပြီးနောက် အစေခံရှို့က မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပြီး ခေါင်းငုံ့လိုက်ကာ  "ကျွန်မ နားလည်ပါပြီ စိတ်ချပါ သခင်မလေး။"

မဒမ်ကွေ့က အမြဲတမ်း တည်ငြိမ်သော အပြုံးကို ပြသခဲ့သည်။ သူမလက်အား ဝှေ့ယမ်းကာ လှည့်ကြည့်ပြီး အစေခံငယ်ထံမှ ဆေးပန်းကန်ကို ယူကာ ဥယျာဉ်နောက်ဘက်သို့ ပြန်လာခဲ့သည်။

တစ်ဖက်တွင်၊ ကုချင်းရွယ် သည် နံနက်စောစောတွင် သားပေါက်လေးသုံးကောင်၏ ဆွေးနွေးမှုကြောင့် နိုးလာခဲ့သည်။

အိပ်ရာထပြီးနောက် ကလေးသုံးယောက်အတွက် မနက်စာ ချက်ကျွေးတယ်။ ထမင်းစားနေစဉ်တွင် ကုချင်းရွယ်က သူတို့အား ဤနေရာတွင် အနာဂတ်တွင် နေထိုင်မည်ဖြစ်ကြောင်း ပြောပြသည်။

ဒန်ဘီနှင့်လင်းပေါင် တို့သည် လိမ်ရန် လွယ်ကူသည်။ ကုချင်းရွယ် သည် ယု လင်မယားအား ချောင်းမြောင်းတိုက်ခိုက်ပြီး မထွက်ခွာမီ ကတိစာချုပ်ကို လက်မှတ်ရေးထိုးခိုင်းကြောင်း ကြားသိရသောအခါတွင် ၎င်းတို့သည် မိခင်၏သတ္တိကို လေးစားပြီး သက်ပြင်းချခဲ့ကြသည်။

ကုလင်း တစ်ယောက်တည်းကသာ စိတ်ပူနေခဲ့သည်။

အရွယ်ရောက်ပြီးသူထက်ပင် ပိုရင့်ကျက်သော ကလေးတစ်ဦးဖြစ်သော ကုလင်းသည် မျက်မှောင်ကြုတ်နေသည်ကို ကုချင်းရွယ်က မြင်သွားသည်။

" လင်းအာ ၊ မင်းအမေကို ဘာမှ စိတ်ပူစရာ မလိုဘူး။ ကျောင်းတက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်ဖို့ပဲလိုတယ်။ ဟုတ်ပြီလား?" ကုချင်းရွယ် က စကားပြောနေစဉ်တွင် သူမသည် တို့ဟူးကဲ့သို့ နူးညံ့သည့် သားအကြီးဆုံး၏ မျက်နှာကို ပွတ်သပ်လိုက်သည်။ ကိုင်လို့ကောင်းတယ်လို့ ခံစားမိတဲ့အတွက် နောက်ထပ် အကြိမ်အနည်းငယ် ထပ်ပြီးပွတ်သပ်လိုက်သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now